၂၅ ရက် အပစ်အခတ် ရပ်ဆိုင်းကြောင်း TNLA၊ AA၊ MNDAA ပူးတွဲကြေညာ

၂၅ ရက် အပစ်အခတ် ရပ်ဆိုင်းကြောင်း TNLA၊ AA၊ MNDAA ပူးတွဲကြေညာ

ဆုမြတ်မေဇော် — မြောက်ပိုင်း မဟာမိတ်အဖွဲ့ (၃)ဖွဲ့ဖြစ်သည့် ကိုးကန့်(MNTJP/ MNDAA) ၊ တအာင်း (PSLF/ TNLA)၊ ရခိုင် (ULA/AA) တို့သည် မတ်လ ၁ ရက်မှ ၂၅ ရက်အထိ တစ်ဖက်သတ် အပစ် အ ခတ် ရပ်ဆိုင်းကြောင်း ၂၀၂၀ ခုနှစ်၊ မတ်လ ၁ ရက်က ပူးတွဲ ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ တိုးမြှင့်လိုက်ခြင်းမှာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ရေး၊ ပြည်တွင်းစစ်မီး ချုပ်ငြိမ်း စေရေး၊ အပစ်အခတ် ရပ်ဆိုင်းရေး သဘောစာချုပ် လတ်မှတ် ရေးထိုးနိုင်ရန် လက်တွေ့ကျကျ ဆောင်ရွက် နိုင် ရေး၊ လက်ရှိ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကို စုပေါင်းရင်ဆိုင်ရာတွင် အထောက်အကူ ဖြစ်စေရန် တိုးမြှင့်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

TNLA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော်က “အရင်ကလည်း ထုတ်ပြန်ပြီးသား ဖြစ် တယ်၊ ထုတ်ပြန်ပြီးသားကိုမှ အဲ့လို ထုတ်ပြန်တုန်းကလည်း တိုက်ပွဲကို ဖြစ်နိုင်သမျှ ရှောင်တယ်။ ဒါပေမယ့် ကျွန် တော်တို့ ရှိတဲ့နေရာအထိ တပ်က လာတိုက်ခိုက်တော့ ခုခံရတာနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ၊ ကျွန်တော်တို့က ထိုးစစ်ဆင်တာမျိုး မရှိဘူး”ဟု ပြောသည်။

တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေညာထားသည့် ကာလအတွင်း တပ်မတော် ဘက်ကနေ ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ကို မည်သည့် ပုံစံနှင့်မဆို ထိုးစစ်ဆင် တိုက်ခိုက်နေပါက ကိုယ့်ကိုယ် ကို ခု ခံ သော အနေဖြင့် တုံ့ပြန် ကာကွယ်သွားမည်ဟု AA၊ MNDAA၊ TNLA တို့က ပူးတွဲ ထုတ်ပြန်ချက်မှာ ပြောထားသည်။

တပ်မတော်ဘက်မှ မဟာမိတ်အဖွဲ့ဝင် AA ကို ပြင်းထန်သော ထိုးစစ်များ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေခြင်း ကြောင့် ထိုးစစ်ကို စောင့်ကြည့်ရန် ယခုလို အကန့်အသတ်ဖြင့် သက်တမ်းတိုးခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန် ချက်မှာ ဆိုထားသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက “အရင်ကတည်းက ဒီဟာတွေက ပြောထားခဲ့ပြီးသားပါ၊ သူတို့လုပ်တဲ့ လုပ်ရပ်တွေ အပေါ်ပဲ မူတည်ပါတယ်။ သူတို့ ဘယ်လောက် ထုတ်ပြန် ထုတ် ပြန် တကယ်လုပ်တဲ့ လုပ်ရပ်ကသာ အရေးကြီးတာပါ”ဟု ပြောသည်။

AA၊ MNDAA ၊ TNLA တို့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်ကနေ အောက်တိုဘာလ ၈ ရက်အထိ  ပထမအကြိမ် အပစ်အခတ်ရပ်ကြောင်း ကြေညာခဲ့ပြီး ဒုတိယအကြိမ်အနေဖြင့် အောက်တိုဘာ ၂၀ ရက်ကနေ ဒီဇင် ဘာထိ ၃၁ ရက်ထိ လည်းကောင်း တတိယအကြိမ်အနေဖြင့် ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ထိ လည်း ကောင်း အပစ်အခတ် ရပ်စဲခဲ့သည်။

ထို့နောက် စတုတ္ထအကြိမ်မြောက်အဖြစ် ၂၀၂၀ ခုနှစ်၊  မတ်လ ၁ ရက်မှ ၂၅ ရက်ထိ အပစ်ရပ်စဲကြောင်း မတ်လ ၁ ရက်မှာ AA၊ MNDAA ၊ TNLA တို့ ပူးတွဲကြေညာခဲ့သည်။

လက်ရှိမှာတော့ တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဖြစ်ပွားနေသလို ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တပ်မတော်နှင့် TNLA ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်။

AA၊ MNDAA ၊ TNLA တို့ အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) တို့နှင့် အစိုးရ ကိုယ်စားလှယ်များကြား ပဏာမ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(Bilateral)ထိုးနိုင်ရေး ဆွေးနွေးမှုများကလည်း သဘောတူညီ မှု မရသေးကြောင်း သိရသည်။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...