မွန်လွှတ်တော်သို့တိုင်ကြားစာ ၄၈၆ စောင်အနက် ၁၇၀ စောင် ဖြေရှင်းပြီး

မွန်လွှတ်တော်သို့တိုင်ကြားစာ ၄၈၆ စောင်အနက် ၁၇၀ စောင် ဖြေရှင်းပြီး
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်လွှတ်တော်(မွန်လွှတ်တော်)
မွန်ပြည်နယ်လွှတ်တော်(မွန်လွှတ်တော်)
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအနေဖြင့် ကော်မတီသို့ ပြည်သူများမှ တိုင်ကြားလာသည့် တိုင်ကြားစာ ၄၈၆ စောင်ရှိသည့်အနက် ၁၇၀ ကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ကော်မတီဥက္ကဋ္ဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူထံမှ သိရသည်။

အဆိုပါတိုင်ကြားစာများတွင် မြေယာပြဿနာများ အများဆုံးပါဝင်ကြောင်း၊  ၂၀၁၆ ခုနှစ် အောက်တိုဘာလ အထိ မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဆောင်ရွက်ဖြေရှင်းခဲ့သော်လည်း ကော်မတီသို့ ပြန်လည်တင်ပြခဲ့သည့် တိုင်စာပေါင်း (၅၈) စောင်ပါဝင်ကြောင်း ဆိုသည်။

“တကယ်မြေပြင်မှာ မဖြစ်မနေ ဖြေရှင်းပေးရမယ့် ကိစ္စမျိုးဆို သက်ဆိုင်ရာဋ္ဌာနတို့နဲ့ပူးပေါင်းပြီး ကွင်းဆင်းစီစစ်တာရှိပါတယ်၊ အစိုးရကနေ ပြန်စာက (၁၀) လပိုင်းအထိပဲ ရှိတယ်၊ အခုနောက်ပိုင်း ပြန်စာမလာတော့ဘူး၊ နောက် ဒီဘက်ကတော့ တိုင်စာတင်ထားပြီး ဘာမှမထူးဘူး ဘာညာ complain တတ်လာတာပေါ့” ဟု ဦးအောင်ကျော်သူက ပြောသည်။

တိုင်ကြားစာအရ နစ်နာသူများအား မည်သည့်ဌာနနှင့်သက်ဆိုင်ကြောင်း၊ မည်သည့်ကိစ္စမျိုးအား စီစစ်ထားမှုမှန်ကန်မှုရှိမရှိ၊ သက်ဆိုင်ရာအစိုးရအဖွဲ့သို့ မည်သို့ဆောင်ရွက်ထားမှုရှိသည်ကို မေးမြန်းထားခြင်းဖြစ်ပြီး အစိုးရဘက်မှ ပြန်လည် အကြောင်း မကြားသော်လည်း မိမိတို့ကော်မတီမှ လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ထားပေးကြောင်း ဦးအောင်ကျော်သူက ဆက်ပြောသည်။

သို့ရာတွင် အစိုးရထံမှ ပြန်စာမရောက်သည့်အတွက် အချိန်ကြံ့ကြာမှုများနှင့် ဖြေရှင်းရန် အခက်အခဲရှိနေကြောင်း၊ အများပြည်သူနှင့်သက်ဆိုင်သည့် ပုဂ္ဂလိကလုပ်ငန်းများ၊ အများပြည်သူအကျိုးအား တိုက်ရိုက်ထိခိုက်စေနိုင်သည့်ကိစ္စရပ်များအ ဦးစားပေဆောင်ရွက်ခဲ့ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင်နှင့်ချိတ်ဆက်နေသော တိုင်စာများကို ဆောင်ရွက်မရသည့်အတွက် မှတ်တမ်းအဖြစ် ထားရှိပေးကြောင်း ၄င်းက ရှင်းလင်းပြောကြားသည်။

“ဒေသတစ်ခုကို ကျွန်တော်တို့ကွင်းဆင်းပြီးလို့ အစီရင်ခံပို့လိုက်တာပဲဖြစ်ဖြစ် လွှတ်တော်ဥက္ကဋ္ဌက ပို့လိုက်တာပဲဖြစ်ဖြစ် အစိုးရရုံးကနေပြီးတော့ ဘာလုပ်ထားတာ အကြောင်းပြန်ကြားစာမရောက်လာရင် မသိရတော့ အခက်အခဲဖြစ်တယ်” ဟု တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဇော်ဇော်ထူးက ပြောသည်။

အစိုးရဘက်မှ ပြန်စာမလာပါက မိမိတို့ကိုယ်တိုင် ကွင်းဆင်းပြီးလေ့လာရကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌသို့ အစီရင်ခံစာပြန်တင်ရပြီး လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဖန်အစိုးရအဖွဲ့သို့ အကြောင်းပြန်စာပေးပို့ရသည့်အတွက် အချိန်မကြံ့ကြာသင့်ဘဲ ကြံ့့ကြာနေရကြောင်း ၄င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ၅ နှစ်သက်တမ်းအတွင်း လွှတ်တော်သို့ ပြည်သူများမှ တိုင်ကြားလာသည့် တိုင်ကြားစာပေါင်း ၁၆၆၁ စောင်ရှိခဲ့ကြောင်း၊ အဆိုပါ တိုင်ကြားစာများအနက်မှ အစိုးရနှင့် ညှိနှိုင််းတိုင်ပင်ပြီး တိုင်ကြားစာ ၃၇၀ စောင်ကို ဖြေရှင်ပေးနိုင်ခဲ့ကြောင်း ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် မှတ်တမ်းအရ သိရသည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...