နေပြည်တော် ရ၀ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဖေဖော်ဝါရီလ (၅) ရက်တွင်ကျင်းပမည်

နေပြည်တော် ရ၀ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ဖေဖော်ဝါရီလ (၅) ရက်တွင်ကျင်းပမည်
by -
မွန်သတင်းအေဂျင်စီ
ယခုနှစ်် (၇၀) ကြိ်မ်မြောက်မွန်အမျိုးသားနေ့သည် ဖေဖော်ဝါရီ (၁၂) ရက် ပြည်ထောင်စုနေ့နှင့် တိုက်ဆိုင်နေခြင်းကြောင့် နေပြည်တော်တွင် မွန်အမျိုးသားနေ့အခမ်းအနားကို လာမည့်ဖေဖော်ဝါရီလ (၅) ရက်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီဥက္ကဋ္ဌ မင်းဗညားစန်းက ပြောသည်။

“နေပြည်တော်မှာက ပြည်ထောင်စုအဆင့် ဝန်ကြီးတွေပဲတက်ဖို့များတယ်လေ၊ ဒါကြောင့် သူတို့အားမယ့်နေ့နဲ့ ညှိပြီးတော့ ရက်ရွေ့လိုက်ရတယ်၊ ဒေါ်အောင်ဆန်းဆုကြည်နဲ့ သမ္မတကိုလည်း ဖိတ်စာပေးပို့ထားတယ်၊ တတ်ရောက်ပေးနိုုင်မယ်လို့ ထင်တယ်၊ ဘာလို့ဆိုတော့ ရန်ကုန်အခမ်းအနားတွေမှာလည်း တက်ရောက်ခဲ့ဖူးတယ်၊ ဝန်ကြီးတွေလည်း အများကြီးတတ်ရောက်ကြမယ်” ဟု မင်းဗညားစန်းက ပြောသည်။

အဆိုပါ မွန်အမျိုးသားနေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂-MICC-2 ခန်းမတွင် ဖေဖော်ဝါရီ (၅) ရက် ညနေ (၆းဝဝ) နာရီမှ ည (၉းဝဝ) နာရီအထိ ကျင်းပမည်ဖြစ်ရာ နိုင်ငံတော်သမ္မတနှင့် နိုင််ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ််များ၊ မွန်ပြည်နယ်မှ (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟိို)ကျင်းပရေးကော်မတီဝင်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ တိုင်းရင်းသားဝန်ကြီးများ စုစုပေါင်းပုဂ္ဂိုလ် (၆၀၀) ဦးခန့် ဖိတ်ကြားထားကြောင်း၊ အခမ်းအနားတက်ရောက်လာသော ပုဂ္ဂိုလ်ကြီးများ မိတ်ခွန်းပြောကြားခြင်းအစီအစဉ်နှင့် မွန်ရိုးရာဓလေ့အဆိုအကများဖြင့် ဖျော်ဖြေသွားရန် စီစဉ်ထားသည်ဟု သိရသည်။

“ကိုယ့်မွန်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုကိုလည်း အခြားတိုင်းရင်းသားတွေ သိရှိစေချင်လိို့ ၊ နောက်လူကြီးတွေ တက်ရောက်မယ်ဆိုတော့ အခန်းအနားကြီးတစ်ခုလိုကျင်းပမှအဆင်ပြေမယ်” ဟု မင်းဗညားစန်းက ဆက်ပြောသည်။

နေပြည်တော်တွင် မွန်အမျိုးသားနေ့ကို လွှတ်တော်စတင်ပေါ်ပေါက်လာချိန် (၂၀၁၀) ခုနှစ်မှစ၍  ပြည်ထောင်စုအဆင့် မွန်လွှတ်တော်ကိုယ်စားလှယ်များက တပို့တွဲလဆုတ် (၁) ရက်နေ့မှာသာ ကျင်းပနေခဲ့သော်လည်း ပါတီပွဲအဆင့်တစ်ခုသာ ပြုလုပ်ခဲ့သောကြောင့် ယခုနှစ်၌ ကျင်းပရေးကော်မတီဖွဲ့ပြီး မွန်ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် အခန်းအနားပုံစံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျိုက်ထိုမှာလဲ ဒီလိုအကြိုလုပ်တာမျိုး ရှိခဲ့ပါတယ်၊ မွန်အမျိုးသားနေ့ဗဟိုကို လာတက်ဖို့ ကြိုလုပ်တာမျိုးပေါ့၊ ဒါလည်း ပြည်ထောင်စုနေ့နဲ့ တိုက်သွားလို့ (၅) ရက်နေ့ကို ရွေ့လိုက်တာပါ၊ ဒီလိုပွဲမျိုးကို တက်ရောက်ရုံမျှမက ဝိုင်းဝန်းလုပ်ဆောင်သင့်တယ်” ဟု (၇၀) ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)ကျင်းပရေးကော်မတီဝင် နိုင်မွန်ရာဇာ ကပြောသည်။

မွန်အမျိုးသားနေ့ကို နှစ်စဉ်တပို့တွဲလပြည့်ကျော်(၁) ရက်နေ့ကျရောက်တိုင်း ရန်ကုန်၊ မန္တလေး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်များအပြင် မွန်လူမျိုးများနေထိုင်ကြသည့်မြို့ရွာအသီးသီးတွင်ကျင်းပခဲ့သည်မှာ ယခုနှစ်တွင်အကြိမ် ရ၀ ပြည့်ဖြစ်သည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...