ကျောက်မဲမြို့ နယ်တွင် အမျိုးသမီး တဦး မိုင်းနင်းမိ

ကျောက်မဲမြို့ နယ်တွင် အမျိုးသမီး တဦး မိုင်းနင်းမိ
Photo by U Tin Maung Thein
Photo by U Tin Maung Thein

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ နယ် တွင် ဇန်နဝါရီ ၂၁  ရက် တွင် မိုင်းနင်းမိကာ အမျိုးသမီး တဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၁  ရက်နေ့ မနက်ပိုင်း ၉ နာရီ ခွဲတွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အုပ်စု တောင်ပို့လို ကျေးရွာ တွင်နေထိုင်သည့် အသက် ၂၆ နှစ်အရွယ် နန်းပေါင်းဟွမ် မိုင်းနင်းမိပြီး ဒဏ်ရာရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသခံနေကြောင်း အသက် ၆၀ ကျော် ဒေသခံ အမျိုးသား တဦး က ပြောသည်။

“မနေ့က အမျိုးသမီး တဦး မိုင်းနင်းမိတယ်။ ကျောက်မဲဆေးရုံပို့လိုက်တယ်။ ဒဏ်ရာကတော့ မပြင်းထန်ဘူး” ဟု ဆိုပါ အမျိုးသား က ဆိုသည်။

မိုင်းနင်းမိသည့် နန်းပေါင်းဟွမ်သည် ဝဲဘက် လက်ဖျံ ခြေဖမိုး၊ ယာပေါင် ၊ယာဒူးခေါင်း နှင့် ကျောပျဉ်တွင် ဒဏ်ရာများ ရရှိကာ မစိုးရိမ်ရကြောင်း ကျောက်မဲမြို့ ရဲစခန်း မှ တာဝန်ရှိသူ တဦး ကပြောသည်။

ဇန်နဝါရီ ၆ ရက်နေ့တွင် ကျောက်မဲမြို့ မိုင်းငေါ့မြို့နယ် တွင် အမျိုးသား ၂ဦး မိုင်းနင်းမိကာ ပြီး ဇန်နဝါရီ ၉ ရက်နေ့တွင်လည်း နမ့်ဆန်မြို့နယ်တွင် အသက် ၂၀ အရွယ် အမျိုးသားတဦး မြေမြုပ်မိုင်းကြောင့် သေဆုံးခဲ့သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...