ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းတွင်ပါဝင်သည့် စစ်တွေ ဆိပ်ကမ်းကို ဖေဖော်ဝါရီလထဲတွင် စတင် လည်ပတ်မည်ဟုဆို

ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်းတွင်ပါဝင်သည့် စစ်တွေ ဆိပ်ကမ်းကို ဖေဖော်ဝါရီလထဲတွင် စတင် လည်ပတ်မည်ဟုဆို

ချစ်အိလှိုင် — ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းတွင် ပါဝင်သည့် စစ်တွေဆိပ်ကမ်းကို ဖေဖော်ဝါရီလထဲတွင် စတင် လည်ပတ်နိုင်တော့မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် H.E. Mr. Saurabh Kumar က ပြောဆိုလိုက်သည်။

ဇန်နဝါရီ ၂၁ ရက်နေ့ က ရခိုင်ပြည်နယ်လွှတ်တော်ရုံးတွင် လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှတို့နှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက “ဒီဟာတွေဟာ သူတို့ နိုင်ငံ အကျိုးစီးပွားထက် ရခိုင် ဒေသခံတွေ အကျိုးစီးပွား အတွက် ဆောင်ရွက်ပေးတာဖြစ်တယ်။ အဲဒါကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့အနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက် ပေးစေချင်ပါတယ် ဆိုပြီးပြောသွားတယ်။ ကျနော်တို့အနေနဲ့ ကုလားတန် စီမံကိန်းကိစ္စကိုလည်း ပူးပေါင်း ပါဝင် ပြီး ကူညီနေတယ်ဆိုတော့ သူက ကျေးဇူးတင်ကြောင်းပြောသွားပါတယ်”ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိသော်လည်း အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဟု အိန္ဒိယနိုင်ငံ သံအမတ် H.E. Mr. Saurabh Kumar က ဇန်နဝါရီ ၂၁ ရက်နေ့ နေ့လယ်တွင် စစ်တွေမြို့ အိန္ဒိယဆိပ်ကမ်းတွင် ပြုလုပ်သောအခမ်းအနားတစ်ခုတွင် သတင်းထောက်များအား ပြောဆိုသွားသည်။

“အဓိကတော့ ကုလားတန်စီမံကိန်းအနေနဲ့ကြန့်ကြာခဲ့ပြီး အခက်အခဲ ကြုံတွေ့ရတာက လမ်းလုပ်တဲ့နေရာမှာပါ။ ဒါပေမဲ့လည်း ကျွန်တော်တို့အိန္ဒိယအစိုးရအနေနဲ့ ဒီလမ်းကို အပြီးအစီး အကောင်အထည်ဖော်သွားမှာပါ။ ဒီလမ်းသာ အကောင်အထည်ဖော်သွားပြီဆိုလို့ရှိရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထု အကျိုးခံစားခွင့်တွက်ကို မျှော်လင့်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရေကြောင်းဖြင့် တိုက်ရိုက် ကုန်စည် ကူးသန်းနိုင်မည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ (၄၈၄)သန်း အကုန်ကျခံကာ ၂ဝ၁ဝ ခုနှစ်ခန့်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အဆိုပါစီမံကိန်း၏အစိတ်အပိုင်းတွင်ပါဝင်သည့် စစ်တွေဆိပ်ကမ်းနှင့် ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်းတို့မှာ ပြီးစီးသွားပြီဖြစ်သည်ဟုလည်း သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...