ရခိုင်စစ်ရှောင်များအတွက် လှူဒါန်းသော အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ ရိက္ခာပစ္စည်းများကို အိန္ဒိယအစိုးရမှ ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်

ရခိုင်စစ်ရှောင်များအတွက် လှူဒါန်းသော အမေရိကန်ဒေါ်လာ ၂ သိန်းကျော်တန်ဖိုးရှိ ရိက္ခာပစ္စည်းများကို အိန္ဒိယအစိုးရမှ ပြည်နယ်အစိုးရသို့ လွှဲပြောင်းပေးအပ်

ချစ်အိလှိုင် — ရခိုင် စစ်ဘေးရှောင်များအတွက် အိန္ဒိယအစိုးရက ကူညီ လှူဒါန်းသော အမေရိကန်ဒေါ်လာ ၂ သိန်းကျော် တန်ဖိုးရှိသည့် ရိက္ခာ ပစ္စည်းများကို  ဇန္နဝါရီ ၂၁ တွင် ရခိုင်ပြည်နယ်အစိုးရသို့ လွဲပြောင်း ပေးအပ်လိုက်သည်ဟု သတင်းရရှိသည်။

အိန္ဒိယ အစိုးရမှ လှူဒါန်းလိုက်သည့်ပစ္စည်းများမှာ ဆန်အိတ် ၂၀၀၀၀၊ ဆန်ကြာဆံ၊ ပဲဆီ ၊Toor Dal ၊ Chana Dal ၊ ငရုတ်ကောင်း ၊ နနွင်း ၊ နံနံမှုန့်၊ ဆားနှင့် တာပေါ်လင်များပါဝင်ပြီး စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ  ၂၃၅၄၅၆ တန်ဖိုးရှိသည်ဟုလည်း သိရသည်။

အဆိုပါစားနပ်ရိက္ခာနှင့်အသုံးအဆောင်ပစ္စည်းများအား အိန္ဒိယအစိုးရကိုယ်စား မြန်မာနိုင်ငံလုံးဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် H.E. Shru.Kumar က ဦးဆောင်ကာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုတို့ထံသို့ အခမ်းအနားဖြင့် လွှဲပြောင်း ပေးအပ်လိုက်ခြင်းဖြစ်သည်။

လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နေ့လယ် ၁ နာရီအချိန်တွင် စစ်တွေမြို့ရှိ အိန္ဒိယဆိပ်ကမ်းရှိ ခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။

“စစ်ဘေးရှောင် ဒုက္ခသည်တွေတွက်ကို ဒီပဋိပက္ခဖြစ်တဲ့နေရာတွေတွက် အမှန်တကယ် လိုအပ်တယ်ထင်လို့ လူသားချင်းစာနာတဲ့အတွက် ဒီလှူဖွယ်ပစ္စည်းတွေကို  လှူဒါန်းရခြင်းဖြစ်ပါတယ်။ အဓိက ကတော့ ရခိုင်ပြည်နယ်က တာဝန်ရှိပုဂ္ဂိုလ် အကြီးဆုံးတစ်ယောက်က အကူညီတောင်းလာတဲ့အတွက်လှူရခြင်းပါတယ်။ အိန္ဒိယအစိုးရက လှူတာဆိုပေမဲ့ ရခိုင်စစ်ဘေးရှောင်တွေအတွက် အိန္ဒိယ ပြည်သူတွေကနေ စုပြီး လှူတာပါ။ ဒီဟာတွေကို အမှန်တကယ် စစ်ဘေးရှောင်တွေ လက်ထဲကို ရောက်လို့ရှိရင် သူတို့လည်း ဝမ်းသာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် H.E. Shru.Kumar က သတင်းထောက်များကို ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် အိန္ဒိယအစိုးရအနေဖြင့် အကူအညီပေးရန် ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက ကမ်းလှမ်းလာသည့်အတွက် ယခုကဲ့သို့ လှူဒါန်းရခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် H.E. Shru.Kumar က  ဆက်လက် ပြောဆိုသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက “ဒါတွေကိုလည်းပဲ တကယ်ဒုက္ခရောက်နေတဲ့ ကာယကံရှင်တွေလက်ထဲကို မှန်မှန်ကန်ကန် ရောက်ရှိသွားအောင် ကျွန်တော်တို့ အစိုးရအနေဖြင့် ဆောင်ရွက်သွားမယ်”ဟု ပြောကြားသည်။

အဆိုပါထောက်ပံ့ပစ္စည်းများအား အိန္ဒိယနိုင်ငံ ကာလကတ္တား ဆိပ်ကမ်းမှတစ်ဆင့် ရန်ကုန်၊ ရန်ကုန်မှတစ်ဆင့် စစ်တွေမြို့ သို့ ဇန်နဝါရီလ ပထမပတ်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရက္ခဝဏ္ဏစာပီကဗျာ
April 23, 2026
ကျော်သီဟ — အာရက္ခတပ်တော်(AA)တည်ထောင်ခြင်း (၁၇)နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့်...
April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...