မူဆယ်တွင် တရုတ်နိုင်ငံသား ၄၀ ဖမ်းဆီးရမိ

မူဆယ်တွင် တရုတ်နိုင်ငံသား ၄၀ ဖမ်းဆီးရမိ
Photo by ဒေသခံတဦး
Photo by ဒေသခံတဦး

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ ဆင်ဖြူဈေးတွင် လောင်းကစားရုံလာရောက်ထောင်သည့် တရုတ် နိုင်ငံသား ၄၀ ဦး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

အဆိုပါ ဖမ်းဆီးရမှုသည် ဇန်နဝါရီ ၁၉  ရက် ညနေ ၆နာရီ တွင် ဆင်ဖြူဈေးအနီးရှိ ငွေဆင် အိမ်ယာ တွင် ယခင် လောင်းကစားရုံ ဖွင့်သည့် တရုတ် နိုင်ငံသား ၄၀ ဦးကို ဖမ်းဆီးရမိကြောင်း ကောင်းမူးတုံ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိုင်းယီလူး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အရင်က သူတို့ လောင်းကစားဖွင့်တယ်။ အခုတော့ နားတယ်။နားတဲ့အချိန်မှာ ဝင်ဖမ်းတာ။ တကယ်တော့ အယောက် ၇၀ကျော်တယ်။ နိုင်ငံကူးလက်မှတ်ရှိတဲ့သူကို ပြန်လွှတ်ပြီး၊ လက်မှတ်မရှိတဲ့ သူ ၄၀ ဦးကို တော့ ဖမ်းထားတယ်” ဟု စိုင်းယီလူးက ဆိုသည်။

အဆိုပါ ဖမ်းမိသည့် တရုတ်နိုင်ငံသား အယောက် ၄၀ ကို လဝက အမှုဖြင့်သာ ဖွင့်ထားကြောင်း၊ လောင်းကစား အမှုဖြင့် မဖွင့်ထားကြောင်း လည်း စိုင်းယီလူး က ပြောသည်။

ဇန်နဝါရီ ၁၈ရက်နေ့တွင် မြန်မာ့တပ်မတော် မှ မူဆယ်မြို့နယ် အတွင်းရှိ လောင်းကစားရုံများ ပိတ်ပေးရန် အမိန့် စာလာသည် ဟု မူဆယ်မြို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“တပ်ကနေ ပြီး လောင်းကစားရုံကို ပိတ်ခိုင်းတယ်လို့ပြောတယ်။ ကျနော်တို့ကလည်း ရုံထဲကို ဝင်ခွင့်မရှိတော့ မသိဘူး။ သတင်းကြားတာပြောတာ” ဟု စိုင်းကျော်သိန်း က ဆိုသည်

မူဆယ်မြို့ နယ်အတွင်းရှိသည့် လောင်းကစားရုံများသည် လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည့် ပြည်သူ့စစ်များပိုင်ဆိုင်သည့် ရုံများဖြစ်ကြောင်းလည်း ဒေသခံများ ပြောပြချက် အရသိရသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...