မြောက်ဦး ခမရ (၅၄၀) ရှေ့တွင် ပစ်ခတ်ခံရသူမှာ သေဆုံးသွားပြီဟုဆို

မြောက်ဦး ခမရ (၅၄၀) ရှေ့တွင် ပစ်ခတ်ခံရသူမှာ သေဆုံးသွားပြီဟုဆို
by -
ခိုင်လူလှ (ရိုးမမြေ)

ဇန်နဝါရီ ၁၉ ရက် နံနက်က မြောက်ဦးမြို့ အခြေစိုက် ခမရ ၅၄၀ ရှေ့တွင် ပစ်ခတ်ခံရသူမှာ အဆိုပါနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နာမြို့နယ်၊ ဘေးကျားကုန်းအုပ်စု၊ ဇောက်ကုန်းကျေးရွာမှ ကိုဌေးနိုင် (၃၂) နှစ်၊ ဗမာ/ဗုဒ္ဓ ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

“ သိရတာက သူ့က နှစ်ဘီးဆိုင်ကယ်နဲ့လာတာပါ။ မြောက်ဦးဘက်ကနေ ပေါင်းတုတ်ဘက်ကို ခမရ ၅၄၀ ကို ဖြတ်ပြီး အသွားမှာ စုပေါင်း စစ်ဆေးရေးဂိတ်က တားတာကို မရပ်တဲ့ အတွက် ပစ်လိုက်တယ်လို့ သိရပါတယ်။ ယာဘက် ဂျိုင်းအောက်ကို တစ်ချက်၊ ရင်ဘတ်အောက်ကို တစ်ချက်၊ ဘယ်ဖက် လက်ဖမိုး တစ်ချက်၊ ပွဲချင်းပီး သေပါတယ်” ဟု မြို့နယ် တာဝန်ရှိသူများကို ကိုးကားပြီး ၎င်းက ပြောဆိုသည်။

၎င်းသေမှုသေခင်းမှာ ကိုဌေးနိုင်သည် ပေါင်းတုတ် မူဆလင်ကျေးရွာမှ မာမောက်ဇော်လီ ဆိုသူအား တင်ဆောင်ပြီး မြောက်ဦးမြို့ဘက်မှ ပေါင်းတုတ်ဘက်သို့ သွားစဉ် ဇန်နဝါရီ ၁၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သူနှင့် အတူ ပါလာသူ မာမောက်ဇော်လီမှာ တစ်စုံတစ်ရာ ဒဏ်ရာရရှိခြင်း မရှိဘဲ ယခုအခါ သူ့ကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

Most read this week

September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...