ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်းမိ၍ ကျေးရွာသားတစ်ဦး ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုင်းနင်းမိ၍ ကျေးရွာသားတစ်ဦး ခြေထောက်တွင် ပြင်းထန်စွာဒဏ်ရာရ

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ကျေးရွာသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

၎င်းအမျိုးသားမှာ ဗုဒ္ဓေါကျေးရွာမှ ဦးသန်းထွန်းလှ(၄၀)နှစ်ဖြစ်သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်း ၁၀ နာရီခန့်က ဗုဒ္ဓေါကျေးရွာ အနောက်ဘက် ၂ ဖာလုံခန့်အကွာ တောင်နားသို့ ထင်းရှာရန်သွားစဉ် ထိုသို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ခြေချင်းဝတ်မှ ပြတ်တောက်သွားကာ ညာဘက်လက်ခုံ ကြွေမွသွားကြောင်း ၎င်း၏ အစ်ကိုတော်စပ်သူ လူနာစောင့် ဦးငိုကြူးက နိရဉ္စရာသို့ပြောသည်။

“အခုယိုးတရုပ်ဆေးရုံမှာပါ။ လူနာအခြေအနေကို ကြည့်နေပါသေးတယ်။ ဒဏ်ရာကများပါတယ်။ ထင်းရှာသွားတဲ့ အချိန်မှာ မိုင်းနင်းမိသွားတာပါ ” ဟု ဦးငိုကြူးကပြောသည်။

ထင်းရှာသွားသည့်အချိန်တွင် ရွာသားတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာရ ရှိသွားသည်မှာ ဟုတ်မှန်ကြောင်း၊ လက်ရှိတွင် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က နိရဉ္စရာသို့ အတည်ပြုပြောဆိုသည်။

ဆက်လက်ပြီး ဗုဒ္ဓေါကျေးရွာအနီးမှ ချောင်းတူကျေးရွာသားတစ်ဦးကလည်း ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းက ကျေးရွာအနီး ဆနွင်းတောင်အနားသို့ ထင်းရှာရန် သွားစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတောင်အနီးတွင်း ယခင်က တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ချောင်းတူကျေးရွာသားတစ်ဦးက ပြောသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...