PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပ

PPST အစည်းအဝေး ချင်းမိုင်တွင် ကျင်းပ
Photo by NCA-S-EAO
Photo by NCA-S-EAO

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကိုဇန်နဝါရီ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွးကြကြောင်း သတင်းရရှိသည်။

ယင်းအစည်းအဝေးသည် (၈)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး ၊ အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ရောက်လာကြောင်း သိရသည်။

အစည်းအဝေးတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရေး ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM က သဘာတူညီသည့် အချက် (၈)ချက် ကို ဆွေးနွေးထားမည် ဟု သိရသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အချိန်ဇယားများ ရေးဆွဲရာတွင် ၂၀၂၀ ခုနစ် ပထမ လေးလ ကာလ အတွင်း အတတ်နိုင်ဆုံး ရေးဆွဲရန် လိုအပ်ကြောင်း PPST အစည်းအဝေး ယာယီ အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ အဖွင့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်ကြီး ယွက်စစ် က အချိန်ဇယား ရေးဆွဲရာတွင် “ နှစ်ဖက် ထိပ်သီး ခေါင်းဆောင် တွေရဲ့ သဘောထား ဆန္ဒ တွေကို အလေးပေး ဆောင်ရွက်သွားဖို့ တိုက်တွန်းလိုပါတယ်” ဟု မိန့်ခွန်း တွင် ဖော်ပြထားသည်။

NCA တွင် မပါဝင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင် များ ပါဝင်လာနိုင်ရေး အတွက် လက်တွေ့ကျသည့် အခင်းအကျင်းနှင့် လုပ်ငန်းစဉ်များကို လည် ၈ကြိမ်မြောက် PPST အစည်းအဝေးတွင် တိတိကျကျ ချမှတ်ထားရန် လိုအပ်သည် ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောဆိုလိုက်သည်။

ထို့ပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲသည် ၂၁ရာစု ပင်လုံ ချီတက်ရာတွင် အဓိက ကျသည့် တဆင့်ခံ ဆွေးနွေးပွဲဖြစ်သည့်အတွက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေး ကိစ္စကို အစည်းအဝေးတွင် ဆွေးနွေးသွားမည် ဟု သိရသည်။

စတုတ္ထကြိမ်မြောက် ၂၁ပင်လုံ ကို ယခု နှစ်ဆန်း လေးလ အတွင်း ကျင်းပနိုင်ရန် ဇန်နဝါရီ ၈ရက် နေပြည်တော်တွင် ကျင်းပသည့် JICM အစည်းအဝေးတွင် သဘောထားဆုံးဖြတ်ခဲ့သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...