ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အတွက် ကချင် အမျိုးသားများပြင်ဆင်

ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ အတွက် ကချင် အမျိုးသားများပြင်ဆင်
by -
ကေအဲန်ဂျီ
ကချင်အမျိုးသားများ ၂၁ ရာစု ပင်လုံညီလာခံ တက်ရန် ပြင်ဆင်မှုဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (အကြို) ကို KPCC ကချင် မဟာမိတ် ပါတီ ဦးဆောင်ပြီး နှစ်ရက်ကြာ မြစ်ကြီးနားမြို့မှာ ပြုလုပ်ခဲ့သည်။

ဇန်နဝါရီ ၂၅မှ ၂၆ ထိ ပြုလုပ်သည့် စီတာပူ မနောကွင်း Majoi Gawknu (မဂျွယ်ခန်းမဆောင်) ဆွေးနွေးပွဲတွင် ကချင် လူထု အခြေပြု အဖွဲ့စည်းပေါင်းစုံ အပါ၀င် ကိုယ်စားလှယ် ၂၀၀ ကျော် ပါ၀င် ဆွေးနွေးခဲ့ကြသည်။

သို့သော်လည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ် မထိုးသေး သောကြောင့် ဆွေးနွေးပွဲ တရားဝင် ပြုလုပ်ခွင့် မရဘဲ ‘အကြို’ အနေဖြင့်သာ ပြုလုပ်ရခြင်း ဖြစ်သည်။

အစီစဉ် မပြုလုပ်ခြင်းထက် ပြုလုပ်ခြင်းက ပိုကောင်းသည်ဟု ယူဆသောကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို)ကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ကချင် နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက် ကော်မတီ KPCC အဖွဲ့မှ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ KSDP ဥက္ကဌ ဒေါ်က်တာ တူးဂျာ ယခုလိုပြောသည်။

“ကျနော်တို့က တရားဝင်လုပ်ချင်တယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ KIO/KIA က NCA လက်မှတ်မထိုးသေးတဲ့အတွက် ကချင်ပြည်နယ်မှာ တရားဝင် လုပ်ခွင့်မပေးထားဘူုး။ အကြိုပဲ လုပ်ရတဲ့အတွက် သိပ်တော့ အားမရဘူး။ ဘာပဲဖြစ်ဖြစ် တတ်နိုင်သလောက် လုပ်ရမယ်ဆိုပြီးမှ ကျနော်တို့ ပါတီပေါင်းဖွဲ့တွေက တရားဝင်မဟုတ်ရင်လည်း အကြိုအနေနဲ့ လုပ်ဖို့ စီစဉ်ရခြင်းဖြစ်တယ်။ အခု KPCC ဦးဆောင်ပြီး ပြည်သူ့အသံ ကို နားထောင်ဖို့ ပြုလုပ်တာပါ။”

နှစ်ရက်သာ ဆွေးနွေးပွဲမှာ KPCC က ပြုစုထားသော ‘ကချင်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း)’ ကို ကချင် လူထု အခြေပြု အဖွဲ့စည်း အသီးသီးမှ တက်ရောက်လာသော ကိုယ်စားလှယ် ၂၀၀ ခန့်ကို ချပြပြီး ၄င်းတို့ အသံများကို ပြန်လည်နားထောင်ခဲ့ကြသည်။

ယခု ပြည်နယ် ဖွဲ့စည်းပုံ မူကြမ်းများမှာ လာမည့် ဖေဖေါ်ဝါရီ လ အတွင်း ဒုတိယအကြိမ် ပြုလုပ်မည့် ၂၁ ရာစုပင် လုံညီလာခံ မှာ တင်ပြရန်ဖြစ်ပြီး ၎င်း ညီလာခံ တက်ရောက်ရန် ကိုယ်စားလှယ်များ ကိုလည်း ဆွေးနွေးတွင် ရွေးချယ်ခဲ့သည်။

KPCC တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ လော်ဝေါ် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ LNUDP နှင့် ကချင်အမျိုးသား ကွန်ကရက်ပါတီ KNC တို့ ပါဝင်သည်။

အစိုးရမှ ကျင်းပမည့် ဒုတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံ မတိုင်မီ KPCC က KIO မှ ဖွဲ့စည်းသည့် SMJH နိုင်ငံရေး ဆွေးနွေးရေး အဖွဲ့ နှင့် ‘ကချင် ညီလာခံ (Kachin Conference)’ ကို ပြုလုပ်သွားရန် ရှိကြောင်း သိရသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...