တရုတ်သမ္မတ မြန်မာပြည် လာမည်

တရုတ်သမ္မတ မြန်မာပြည် လာမည်
Photo by Myanmar State Consellor office
Photo by Myanmar State Consellor office

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံ နေပြည်တော် ကို ဇန်နဝါရီ ၁၇၊ ၁၈ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။

မြန်မာ- တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး နှစ် စတင်ခြင်း အခမ်းအနားကို လာရောက်ခြင်းဖြစ်ကြောင်းဖြစ်သည်။

တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် ကို ကြိုဆိုသည့် ဆိုင်းဘုတ်များ ကို နေပြည်တော်တွင် စထောင်ပြီး၊ လုံခြုံရေးကိုလည်း တိုးမြင့်ထားကြောင်း နေပြည်တော် တွင်နေထိုင်သူများက ပြောသည်။

တရုတ်သမ္မတ ခရီးစဉ် အတွင်း မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နှင့် တွေ့ဆုံသွားရန် ရှိသည်။

ထို့ပြင် နိုင်ငံရေး ပါတီ အသိုင်းအဝန်းများနှင့် တေ့ွရန် လျာထားသည် ဟုလည်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ကုန်သွယ်ရေး ပိုင်းတွင် အဓိက ကျသည့် နိုင်ငံဖြစ်သည်။

ထို့ကြောင့် တရုတ်သမ္မတ ယခု လာသည့် အချိန်အတွင်း ငြိမ်းချမ်းရေး ကိစ္စ၊ သျှမ်းပြည်မြောက်ပိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖောက်လုပ်နေသည့် (one belt, one road) စီမံကိန်း နှင့် မြစ်ဆုံစီမံကိန်း တို့ကို ထည့်သွင်းဆွေးနွေးရန် ရှိ၊မရှိ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ က စိတ်ဝင်စားနေကြသည်။

၁၈နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံသမ္မတ တဦး ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။

၂၀၀၉ ခုနစ် တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် ဒုသမ္မတဖြစ်ချိန်တွင် မြန်မာနိုင်ငံကို အလည်အပတ် တကြိမ်ရောက်ခဲ့ဖူးသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...