ကျောက်မဲမြို့နယ်တွင် နွားကားတစီး သေနတ်ပစ်ခံရ တဦးသေ

ကျောက်မဲမြို့နယ်တွင် နွားကားတစီး သေနတ်ပစ်ခံရ တဦးသေ
Photo by Tin Maung Thein/ facebook
Photo by Tin Maung Thein/ facebook

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် တွင် ဇန်နဝါရီ ၁၂ ရက်က နွားတင်လာသည့် ကား သေနတ်ပစ်ခံရပြီး အမျိုးသား တဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၂ရက် မနက်ပိုင်းအချိန်တွင် ကျောက်မဲမြို့နယ် ချောင်းချောက် ကျေးရွာ၌ နွားတင်လာသည့် ကားကို အမည်မသိ လူ ၂ဦးက သေနတ်ပစ်ကာ ယာဉ်နောက်လိုက် အမျိုးသား တဦး ကျည်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့ မ ရဲစခန်းမှ သိရသည်။

“ မနက်က နွားကားပစ်ခံရပြီး အမျိုးသားတယောက်သေတယ်။ ကျည်ဒဏ်ရာက လည်ပင်းမှာ တချက်၊ နားရွက်မှာ ၂ချက်၊ ဦးခေါင်းမှာ တချက် ထိတယ်” ဟု ကျောက်မဲမြို့ ဇိဝိတ လူမှု ကူညီရေး အသင်းမှ ဦးတင်မောင်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် အမျိုးသားသည် အသက် ၂၂အရွယ်သာ ရှိကြောင်း၊ထိုသယ်ဆောင်လာသည့် နွားများသည် ဖူးထက် ကုမ္ပဏီ(လယ်ဝေးမြို) မှ တရားဝင် စာရွက်စာတမ်းများဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ကားဖြစ်ကြောင်း ရဲစခန်းမှ စုံစမ်းသိရသည်။

“ တိုင်ကြားချက် မှာတော့ အမျိုးသား ၂ဦး က ဆိုင်ကယ်စီးလာပြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ကားနောက်လိုက် ကတော့ ကျည်ထိပြီး သေတယ်။ ကျန်သူကတော့ ကျည်မထိဘူး” ဟု ကျောက်မဲမြို့ မရဲစခန်းမှ တာဝန်ကျ ရဲ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

နွားတင်လာသည့် ကား ကို သေနတ်ဖြင့် ပစ်ခတ်သွားသည့် အမျိုးသား ၂ဦးအား ကျောက်မဲမြိုု့ ရဲစခန်းမှ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့ လာရောက်ပစ်ခတ်သည့် ကို ပြောဆိုရန် ခက်ခဲကြောင်းလည်း ကျောက်မဲ ရဲစခန်းက ပြောသည်။

အဆိုပါ နွားကားပစ်ခံရပြီး အမျိုးသားတဦး သေဆုံးခြင်းသည် ယခု၂၀၂၀ ခုနစ်တွင် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ နယ်နှင့် သီပေါမြို့နယ် အတွင်း ယမန်နှစ်တွင် နွားကားမကြာခဏ ပစ်ခတ်ခံရပြီး လူသေဆုံးမှုသည် ၁၀ဦး အထက်ရှိပြီး တကြိမ်တခါမှ တရားခံ ဖမ်းဆီးရခြင်းမရှိခဲ့ပေ။

ထိုနေရာများတွင် တိုင်းရင်းသား လက်နက်ကိုင်များ၊ မြန်မာ့တပ်မတော်များ နှင့် ပြည်သူ့စစ်များ သွားလာလှုပ်ရှားသည့်နေရာတခုဖြစ်သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...