DPN ခေါင်းဆောင်များ နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ်နှင့် တွေ့ဆုံုမည်

DPN ခေါင်းဆောင်များ နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ်နှင့် တွေ့ဆုံုမည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ညီညွတ်သော တိုုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ နိုုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် ဖွဲ့စည်းထားသော နုုိင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN မှ ခေါင်းဆောင်များနှင့် နိုုင်ငံတော် အတိုုင်ပင်ခံပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည် တိုု့တွေ့ဆုံုရန် UNFC ဗဟိုုအလုုပ်အမှုုဆောင် အရေးပေါ် အစည်းအဝေးမှ ဆုံုးဖြတ်ခဲ့သည်။

ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် ဇန္နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် တိုုင်းရင်း သား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့ ရ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေး ဆုံုးဖြတ်ခဲ့ သည်နှင့် ပတ်သက်၍ UNFC ဒုုဥက္ကဌ နိုုင်ဟံသာ မှ ပြောဆိုုရာတွင် NRPC နှင့် ညှိနှိုင်းမှု ကျန့်ကြာ နေသည့်ကိစ္စ ရပ်များ အဓိက ဆွေးနွေးရန်ဖြစ်သည်ဟုု ပြောဆိုုသည်။

"ဒီ နှစ်ဖက်ကြားမှာ အမြင်တွေ ညှိလိုု့မရလိုု့ ကျန့်ကြာနေတဲ့ ကိစ္စကိုုနည်းနည်း ပြန်ညှိဖိုု့ပါ။ ဒီ အားလုံုး ပါ၀င်ရေး ကိစ္စတိုု့ နော်၊ အဲ့ဒီ သုံုးပွင့်ဆိုုင် ကိစ္စတိုု့ နောက် ဒီ ထိုုးစစ်ရပ်စဲရေး တိုု့ စသဖြင့်ပေါ့ဗျား၊"

ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ရ ပွင့်ဆိုုင်အဖြစ် NCA အပစ်ရပ်အဖွဲ့ ၈ ဖွဲ့နှင့် သတ်မှတ်ခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူ များ ဟူ၍ သဘောတူခဲ့ကြသည်။

သိုု့သော် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့အနေဖြင့် တန်တူအခွင့်အရေးရှိရန် အစုုိးရ၊ လွှတ်တော်နှင့် တပ်မတော်များမှ တစ်ပွင့်၊ တုုိင်းရင်းသား လက်နက်ကိုုင် အဖွဲ့အစည်းများအားလုုံးမှ တစ်ပွင့် နှင့် နုုိင်ငံရေးပါတီများမှ တစ်ပွင့် ဟူ၍ ၃ ပွင့်ဆုုိင် နိုုင်ငံရေးဆွေးနွေးရေးမူကိုု တောင်းဆိုုခဲ့သော်လည်း ယနေ့အချိန်ထိ ဆွေးနွေးညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

သုံုးရက်ကြာ ကျင်းပခဲ့သည့် UNFC ဗဟိုု်အလုုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးမှနေ၍ ဒုုတိယအကြိမ်ကျင်းပမည့် ၂၁ ရာစုု ပင်လုံုညီလာခံအားလည်း အစိုုးရမှ လေ့လာသူအနေဖြင့် ဖိတ်ကြားလာလျှင် တက်ရောက်မည်မဟုုတ်ကြောင်း UNFC ဒုုဥက္ကဌ နိုုင်ဟံသာ မှ သတင်း ထောက်များအား ပြောဆိုုခဲ့သည်။

"လာမည့် ဒီ ၂၁ ပင်လုံု တက်ဖိုု့ဆိုုတဲ့ ကိစ္စကတော့ အရင်က အန်ကယ်တိုု့ရဲ့ သဘောထား အတိုုင်းပါပဲ တကယ်လိုု့ လေ့လာသူအနေနဲ့ပဲ ဖိတ်မယ်ဆိုုရင်တော့ မတက်ဘူး။ နောက်ပြီးတော့ တက်မယ်ဆိုုရင်တော့ UNFC အဖွဲ့ဝင် အားလုံုး ပါ၀င်နိုုင်ခွင့်ရှိစေရမယ် နော်။ တခြားအဖွဲ့တွေနဲ့ တန်တူရည်တူ လွတ်လွတ်လပ်လပ်ပေါ့ဗျား ဆွေးနွေးခွင့်ရှိတဲ့ အနေအထားမျိုးဆိုုရင်တော့ တက်မယ်။ ဘာကြောင့်လဲဆိုုတော့ ကျနော်တိုု့ လေ့လာသူအနေနဲ့ ဆွေးနွေးခွင့် မရှိဘူးဆိုုရင် ကျနော်တိုု့ မတက်ဘူး တက်ရင်လည်း ဘာထူးမလဲ ကိုုယ့်အမြင်တွေ အာဘော်တွေ ပြောပိုုင်ခွင့် မှ မရှိပဲ၊ သူတိုု့ကိုု သိက္ခာမြင့်ပေးရုံုပဲ ပါရမီဖြည့်ရုံုပဲ ဆိုုတဲ့ အနေအထားမျိုးဆိုုတော့ ကျနော်တိုု့ မလုုပ်ဘူးလေ။ လွတ်လွတ်လပ်လပ်နဲ့ တခြားအဖွဲ့တွေနဲ့ တန်တူရည်တူဆိုုရင်တော့ တက်မယ် ဆွေးနွေးမယ်။"

အစည်းအဝေးတွင် UNFC အဖွဲ့မှ NCA နောက်ဆက်တွဲသဘောတူစာချူပ် လက်မှတ်ရေး ထိုုးနိုုင်ရန် တင်ပြထားသည့် အချက် ၉ ချက် ကိစ္စအား အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုုဌာန NRPC နဲ့ ဆက်လက်ဆွေးနွေးညှိနှိုင်းရန် ဆုံုးဖြတ်ချက်များ ချမှတ်ပေးခဲ့ သည်ဟုု သိရသည်။

ဒုုတိယအကြိမ် ကျင်းပမည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ညီလာခံကိုု လာမည့် မတ်လ ၂၀ ရက်နေ့ နောက်ပိုုင်းတွင် ကျင်းပရန် ယာယီသတ်မှတ်ထားကြောင်း ဆုံုးဖြတ်ခဲ့ကြသည်ဟုု နိုုင်ဟံသာ မှ ပြောသည်။

လက်ရှိ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP ၊ ရခိုင်ပြည် အမျိုးသား ကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်ပါတီLDP နှင့် ၀ အမျိုးသားအဖွဲ့ချူပ် WNO များ ပါ၀င် သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကိုု ၂၀၁၀ ခုုနှစ် နိုုဝင်ဘာလတွင် တိုုင်းရင်းသား လက်နက်ကုုိုုင် တော်လှန်ရေးအဖွဲ့ ၁၁ ဖွဲ့ ဖြင့် ထုုိင်းနိုုင်ငံ ချင်းမုုိင်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...