မြန်မာစစ်တပ် နှင့် KIA နှစ်နေရာမှာ တိုက်ပွဲဖြစ်

မြန်မာစစ်တပ် နှင့် KIA နှစ်နေရာမှာ တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ
မြန်မာ စစ်တပ် နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA ကြား ဇန်နဝါရီ ၂၄ မနက်ပိုင်း နှစ်နေရာမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်မဟာ ၆ အောက် တပ်ရင်း ၃၆ နယ်မြေ Kawng Wai (ကောင်းဝိုင်) ဆိုသည့် နေရာမှာ မြန်မာ အစိုးရတပ် နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၆ အရာရှိ တစ်ဦး ကချင် သတင်း ဌာန KNG ကို အတည်ပြု ပြောဆိုသည်။

ထို့အပြင် ကချင်ပြည်နယ် မိုးကောင်း-ဖားကန့်လမ်း ကားမိုင်းမြို့အနီး နန့်ဆီးအင် (Nam Si Yang) ဘုရားတောင်မှာ ဂေါင်ရီ ချောင်းဘက်က တက်လာသည့် အစိုးရတပ် ခလရ ၂၆၁ စစ်ကြောင်း နှင့် KIA တပ်မဟာ (၂) တပ်ရင်း ၆ တပ်ဖွဲ့များ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ဆိုပါသည်။

ယမန်နေ့ ကလည်း လက်နက်ကြီးများ တင်ဆောင်ထားသည်ဟု ယူဆထားသော ပလာစတိတ်ဖုံးထားသည့် တပ်မတော် စစ်ကား ၁၀၀ ကျော် သည် မြစ်ကြီးနားမြို့မှ ပူတာအို သို့ ထွက်ခွာသွားခဲ့သည်။

ပူတာအို ခရိုင်ရှိ KIA တပ်မဟာ (၁) ကို ထိုးစစ်ဆင် တိုက်ခိုက်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ စစ်ရေးလေ့လာသူများ ပြောဆိုနေကြပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...