AA စစ်ဦးစီးချုပ် ၏ ဇနီး နှင့် ကလေး၂ဦး မြန်မာပြည်သို့ ပြန်ပို့မည် မဟုတ်

AA စစ်ဦးစီးချုပ် ၏ ဇနီး နှင့် ကလေး၂ဦး မြန်မာပြည်သို့ ပြန်ပို့မည် မဟုတ်

ရက္ခိုင်စစ်တပ်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ဇနီး နှင့် ကလေး ၂ဦး ကို မြန်မာပြည်သို့ပြန်ပို့မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ က ပြောကြားသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၄ရက် တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ လူဝင်မှု ကြီးကြပ်ရေး ဌာန က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ၏ ဇနီး ဒေါ်နှင်းဇာဖြူ နှင့် အသက် ၁၂ အရွယ် သမီး စောပြည့်သျှင်၊အသက် ၁နှစ် ကျော် သား မြတ်လင်းဇံ တို့ကို နိုင်ငံကူး လက်မှတ် revoke (ရုပ်သိမ်း) ကို အသုံးပြုသည့် ဟုဆိုကာ ထိုင်းရဲများက ထိန်းသိမ်းထားခြင်းဖြစ်သည်။

ဒေါ်နှင်းဇာဖြူ နှင့် ကလေး ၂ဦးသည် ယခင်တွင် ထိုင်းနိုင်ငံ မယ်ဆိုင် မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်သို့ ပြန်လည် ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း လက်ရှိမှာ ထိုင်း လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းအရ စစ်ဆေးမှု ပြုလုပ်ကာ နေရပ်ပြန်ပို့မည် မဟုတ်ကြောင်း ထိုင်း အာဏာပိုင် နှင့်နီးစပ်သူက ပြောသည်။

“AA က ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ အမျိုးသမီး နဲ့ကလေး ၂ယောက်ကို မြန်မာပြည်တော့ပြန်မပို့တော့ဘူး။ နိုင်ငံကူး လက်မှတ် ပြဿနာ ဆိုတော့ ထိုင်းမှာ တရားရင်ဆိုင်ရမယ်။ တရားရင်ဆိုင်ပြီးရင် မြန်မာပြည် နေရပ်ကို ပြန်ပို့တဲ့ အလေ့အထရှိတယ်။ ဒါပေမယ့် သူတို့ကို မြန်မာပြည် ကို ပြန်မပို့ဘူး။ သူတို့ ဘယ်နိုင်ငံကို သွားမယ်ဆိုတာကတော့ မသိသေးဘူး” ဟု ထိုင်းအာဏာပိုင်နှင့် နီးစပ်သူ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ ဒေါ်နှင်းဇာဖြူ ကို ထိုင်းအာဏာပိုင် များက မည်သည့်နေရာတွင် ထားရှိပြီး၊ မည်သည့် နေ့ရက်တွင် တရားရင်ဆိုင်ရမည်ကို လည်း မသိရှိကြောင်း လည်း ၎င်း က ပြောသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...