မြန်မာအစိုးရ ခေါင်းဆောင်များ နိုင်ငံတကာဆိုင်ရာ ဥပေဒအရ အရေးယူသည့်အပေါ် သျှမ်းလူမှုအဖွဲ့ ထောက်ခံ

မြန်မာအစိုးရ ခေါင်းဆောင်များ နိုင်ငံတကာဆိုင်ရာ ဥပေဒအရ အရေးယူသည့်အပေါ် သျှမ်းလူမှုအဖွဲ့ ထောက်ခံ
Photos by AFP
Photos by AFP

မြန်မာ အစိုးရ ခေါင်းဆောင်များ အား နိုင်ငံတကာ ဆိုင်ရာ ဥပဒေ အရ အရေးယူမှုအားသျှမ်းလူမှု အသိုင်အဝန်း က ထောက်ခံလိုက်ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ ဆိုင်ရာ တရားမျှတမှု ယန္တရားအရ မြန်မာနိုင်ငံအား လူမျိုးသုဉ်း သတ်ဖြတ်မှု အမှုဖြင့် ICJ တွင် တရားရင်ဆိုင်ရန်၊ ရိုဟင်ဂျာ(ခေါ်)ဘင်္ဂါလီ များကို နှင်ထုတ်မှု နှင့် ပတ်သက်ပြီး ICC၏ စစ်ဆေး မေးမြန်းမှုနှင့် တကမ္ဘာလုံး ဆိုင်ရ တရားစီရင်ပိုင်ခွင့် အောက်တွင် ရိုဟင်ဂျာ အပေါ် ကျူးလွန်ခဲ့သည့် ရာဇာဝတ်မှု များအတွက် အာဂျင်တီးနား တွင် တရားစွဲဆိုထားသည့် အမှု ပါဝင်ကြောင်း သျှမ်းလူမှု အသိုင်းအဝန်း ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည့် သျှမ်းလူမှု အသိုင်းအဝန်း ၁၇ဖွဲ့မှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

လူမျိုးသုဉ်းသတ်ဖြတ်မှု နှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော် နှင့် အစိုးရ ကို ဂမ်ဘီယာနိုင်ငံ မှ          

ကမ္ဘာ့ တရားရုံး ICJ တွင် တရားစွဲဆိုထားပြီး၊ တရားရင်ဆိုင်ရန် အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နယ်သာလန်နိုင်ငံသို့ ယနေ့ ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိ တရားစွဲဆိုမှုသည် ရိုဟင်ဂျာ(ခေါ်) ဘင်္ဂါလီ လူမျိုးများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။

သျှမ်းပြည်ရှိ ပြည်သူများသည်လည်း ရိုဟင်ဂျာ(ခေါ်) ဘင်္ဂါလီ အလားတူ သတ်ဖြတ်မှု ပုံစံမျိုးကို လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကျော်တွင် ပြုလုပ်ခံခဲ့ပြီး၊ လက်ရှိအချိန်ထိ ထိုင်း- မြန်မာ နယ်စပ်တွင် ဒုက္ခသည် အဖြစ်ရပ်တည်နေရကြောင်း ထိုင်း မြန်မာနယ်စပ်ဒုက`ခသည်ကူညီရေးကော်မတီမှ စိုင်းလျန်း က    

သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျနော်တို့သျှမ်းတွေ လည်း ရိုဟင်ဂျာတွေလို ပုံစံတူ လူမျိုးသုဉ်း သတ်ဖြတ်ခံရတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ အဲ့တုန်းက ဘယ်သူမှ အရေးယူ စဉ်းစားပေးတာမရှိဘူး။ တိုင်းရင်းသား တွေကို ဒေါ်အောင်ဆန်စုကြည် ကလည်း လှည့်မကြည့်တဲ့ သဘောပါပဲ” ဟု စိုင်းလျန်း က ဆိုသည်။

သျှမ်းပြည် သည် လွန်ခဲ့သည့် ၁၉၉၆-၁၉၉၈ ခုနစ်မှ စတင်ကာ တိုင်းရင်းသား နယ်မြေ တွင် မြန်မာ့တပ်မတော်မှ လူ့အခွင့်အရေး ချိုးဖောက်ပြီး သတ်ဖြတ်လာခဲ့သည်မှာ ယနေ့ချိန်ထိဖြစ်ကြောင်းလည်း စိုင်းလျန်း က ပြောဆိုလိုက်သည်။

“ ဒေါ်အောင်ဆန်းစုကြည် က ကျနော်တို့ တိုင်းရင်းသားတွေဘက်ကို မရပ်တည်ဘူး။ တိုင်းရင်းသားတွေ စစ်ဒဏ်ခံရတာ နှစ်ပေါင်း ၇၀ကျော်ပြီ။ အခု ဂမ်ဘီယာက တရားစွဲဆိုတဲ့ကိစ္စမှ တက်တက်ကြွကြွ ပါဝင်နေတယ်ဆိုတာ ကို ကြည့်ချင်းအားဖြင့် တပ်မတော်ဘက် ရပ်တည်တယ်လို့မြင်တယ်။ ဒါကြောင့် ကျနော်တို့ ဒေါ်အောင်ဆန်း စုကြည် ကို လုံးမဝ မထောက်ခံပါဘူး” ဟု စိုင်းလျန်း က ထပ်လောင်း ပြောသည်။

နှစ်ပေါင်း ၇၀ ကျော် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ပြသာနာ သည်တောက်လျောက်ဖြစ်ပြီး သတ်ဖြတ်မှုများရှိကြောင်း၊ ယခု ရိုဟင်ဂျာ(သို့မဟုတ်) ဘင်္ဂါလီ ပြဿနာ မှ ICJ တွင် တရားစွဲဆိုကာ ဂျီနိုဆိုက် အမည်ဖြင့် သတ်မှတ်သည်မှာထူးခြားကြောင်း သျှမ်းလူငယ်အရေး တက်ကြွလှုပ်ရှား ဆောင်ရွက်သူ လွိုင်ခမ်းပန် က ပြောသည်။

“ “ ၉ ၆- ၉ ၇ ဖြတ်လေး ဖြတ်ကာလတွေ တုန်းကတော်တော်ဆိုးရွားခဲ့တယ်။ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ကချင် ၊ ရှမ်း၊ ကရင်၊ ရခိုင် ပြည်နယ်မှာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာ ကရော ဘောင်မဝင်ဘူးလား။ ဒါက မေးစရာဖြစ်နေတယ်” ဟု လွိုင်ခမ်းပန် က ဆိုသည်။

လက်ရှိမှာ ပြည်တွင်းရေး ပြဿနာ သည် ပြည်တွင်းရေးနှင့် မပြီးတော့ကာ နိုင်ငံတကာ ပါ ဖိအားပေးလာပြီဖြစ်ကြောင်း၊ICJ ပတ်သက်ပြီး ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကိစ္စများ ငြိမ်းချမ်းရေး ဖြစ်စဉ်တတောင့်တနေရာ အထောက်အကူ ပြုနိုင်မည် ဆိုပါက ရလဒ်ကောင်းကြောင်းည်း လွိုင်ခမ်းပန် က ပြောဆိုလိုက်သည်။

“ ဂျီနိုဆိုက် ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ သေချာတာကတော့ မြန်မာနိုင်ငံလူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများအပြားရှိနေတယ်ဆိုတာကို နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် သိသွားတယ်။ ဒါက ကောင်းတဲ့လက္ခာဏာလို့ ပြောလို့ရတယ်” ဟု လွိုင်ခမ်းပန် က ထပ်မံ ပြောသည်။

ထို့ကြောင့် လူ့ခွင့်အရေး ချိုးဖောက်သည့် မြန်မာ့အစိုးရ၊ စစ်တပ်များအပေါ် ကမ္ဘာ က တရားစွဲဆိုခြင်း ကို ကြိုဆိုထောက်ခံကြောင်း လည်း သျှမ်းလူမှု အဖွဲ့များက ယနေ့ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိမှာတော့ ICJ တရားရုံးတွင် တရားရင်ဆိုင်ပြီး တရားရှုံးပါက မည်ကဲ့သို ပြစ်ဒဏ်ပေးခံရမည်၊ တရားနိုင်ပါက မည်ကဲ့သို့ ဖြစ်လာမည်ကို သေချာ မသိရှိရသေးကြောင်း လူမှု အဖွဲ့အစည်းများက ပြောသည်။

နယ်သာလန်တွင် ICJ တရားရုံးကို သွားရောက် ရင်ဆိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့် “ ထောက်ခံပွဲ” “ We stand with Daw Aung San Su Kyi” ကို မြန်မာပြည် အနှံ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...