မိုင်းခုတ်ဒေသခံများကန့်ကွက်မှုကြားက ကျောက်မီးသွေး ဆက်လက်တူးနေ

မိုင်းခုတ်ဒေသခံများကန့်ကွက်မှုကြားက ကျောက်မီးသွေး ဆက်လက်တူးနေ
Photo by မိုင်းခုတ်ဒေသခံတဦး။ မိုင်းခုတ်ဒေသအတွင်း တူးဖော်နေသည့် ကျောက်မီးသွေး ပုံ
Photo by မိုင်းခုတ်ဒေသခံတဦး။ မိုင်းခုတ်ဒေသအတွင်း တူးဖော်နေသည့် ကျောက်မီးသွေး ပုံ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့ နယ်တွင် ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကို ဒေသခံများ ကန့်ကွက်သည့် ကြားမှ ဆက်လက် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ထိုကျောက်မီးသွေး တူးဖော်မှုသည် အောက်တိုဘာ ၁၈ ရက်နေ့မှ စတင်ကာ တူးဖော်ခဲ့မှ ယနေ့တိုင်ဆက်လက်တူးနေကြောင်း မိုင်းခုတ်မြို အသက် ၄၀ ကျော် စိုင်းလုံ က သျှမ်းသံတော်ဆင့် ပြောသည်။

“ သူတို့ကတော့ စမ်းသပ်ကာလ အနေနဲ့ ၂ဧက လောက်ရှိပြီ တူးနေတာ။ နေ့တိုင်းပဲ တူးနေတယ်။ ကျနော်တို့ တူးနေတာတွေ ရပ်ဖို့ ပြောပေမယ့် သူတို့ က မရပ်ဘူး” ဟု စိုင်းလုံ ကဆိုသည်။

ကျောက်မီးသွေး တူးဖော်မှုကြောင့် ဒေသခံများ လယ်ယာ ပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ကျန်းမာရေး ပြဿနာ ဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း စိုင်းလုံ က ပြောသည်။

“ သူတို့က စမ်းသပ်လို့သာပြောတာ တူးဖော်နေတဲ့ အရွယ်အစားတွေ ကို ကြည့်ရင် အစမ်းမဟုတ်ဘူး” ဟု လည်း မိုင်းခုတ်ဒေသခံ စိုင်းလုံ က ပြောသည်။

ကျောက်မီးသွေး တူးဖော်ခြင်း မှ လွှတ်မြောက်ရန် အတွက် မိုင်းခုတ်ဒေသခံ ၃၀၀ ကျော်သည် အောက်တိုဘာ လကုန် တွင် ဆုတောင်းပွဲပြုလုပ်ခဲ့သေးသည်။

သို့သော် ဒေသခံများ၏ ကန့်ကွက်မှုကို ဥပက္ခာပြုကာ ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းကို ကုမ္ပဏီ မှ အလုပ်သမားများက မြေ ဧက ၃၂၀၀ အကျယ် ကို စတင်ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့တွင် ၂၈နှစ် တူးခွင့်ရထားသည့် ကျောက်မီးသွေး စီမံကိန်း ကို ဇူလိုင်လ ၂၀၁၉  က ထိုင်း Sahakol Equipment Co. Ltd (SQ) Company နှင့် မြန်မာရွှေရေကန် (Golden Lake Co. Ltd) ကုမ္ပဏီတို့မှ နှစ်ဦးနှစ်ဖက်ဖက်စပ် သဘောတူညီချက် ရေးထိုးခဲ့ကြသည်။

ထို့ပြင် ကျောက်မီးသွေး မိုင်းနှင့် ကျောက်မီးသွေး သုံးဓာတ်အားပေး စက်ရုံ အတွက် လမ်းဆောက်လုပ်ရန် မိုင်းခုတ် ကျေးရွာ အုပ်စု အတွင်းရှိ ကျေးရွာ ၈ရွာ ပြောင်းရွှေ့ရမည် ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် မှ ယနေ့ ထုတ်သည့် ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...