လွိုင်လင် တွင် ကျပ်သိန်း ၃၄၀၀ မူးယစ်ဆေး ဖမ်းဆီးရမိ၊ တရားခံ လွတ်မြောက်

လွိုင်လင် တွင် ကျပ်သိန်း ၃၄၀၀ မူးယစ်ဆေး ဖမ်းဆီးရမိ၊ တရားခံ လွတ်မြောက်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့ နယ်အတွင်း ကျပ်သိန်း ၃၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ကို သိမ်းဆည်းရပြီး တရားခံ လွတ်မြောက်သွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ရက် ည ၉ နာရီတွင် လွိုင်လင်မြို့ ဟိုတင့်ကျေးရွာ အနီး လွိုင်လင်-တောင်ကြီး ကားလမ်းပေါ် တွင် မော်တော်ယာဉ်များ ကို စစ်ဆေးနေစဉ် ကားတစ်စီးသည် နောက်ပြန်လှည့်မောင်းထွက်ပြေးခဲ့သည်။

ထို နောက်ပြန်လှည့်ထွက်ပြေးသည့် မော်တော်ယာဉ် ကို မသင်္ကာသဖြင့် လိုက်လံစစ်ဆေးကာ ယာဉ်မောင်းသည် မော်တော်ယာဉ်ကို လမ်းဘေးတွင် ချပြီး ထွက်ပြေးသွားခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လမ်းဘေးတွင် ချထားသည့် မော်တော်ယာဉ်ကို သက်ဆိုင်ရာ မှ စစ်ဆေးသည့်အခါ စိတ်ကြွဆေးပြား ၃၄၀၀၀၀(ကာလပေါက်ဈေး ၃၄၀၀သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးပြားများကို သယ်ဆောင်လာသည့် တရားခံ ဖမ်းဆီးရမိရေး အတွက် လွိုင်လင်မြို့မရဲစခန်း မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် မူးယစ်ဆေးသယ်ဆောင်လာသည့် တရားခံကို လည်း လွိုင်လင်မြို့မ ရဲစခန်းမှ မူးယစ်ေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါး များ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...