ဒေသခံများအား ဦးတည်တိုက်ခိုက်မှုရှောင်ရန် ရှမ်းမြောက် အရပ်ဘက် အဖွဲ့များ တောင်းဆို

ဒေသခံများအား ဦးတည်တိုက်ခိုက်မှုရှောင်ရန် ရှမ်းမြောက် အရပ်ဘက် အဖွဲ့များ တောင်းဆို

လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုက်ပွဲအတွင်း ဒေသခံပြည်သူများကို ဦးတည်တိုက် ခိုက်မှုမှ ရှောင်ရှားပေးရန်နှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပေးရန် ရှမ်းမြောက် ဒေသခံများက တောင်းဆိုလိုက်သည်။

“အဓိကက ခုနပြောသလိုမျိုး အရပ်သား ပြည်သူတွေကို ထိခိုက်မှု မရှိအောင် လုပ်ပါ ပြီးရင် နောက်တစ်ခုက ဘာလဲဆိုတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ အမြန်ဆုံး နည်းလမ်းရှာ ပြန်ပြီးမှ တွေ့ဆုံပြီးမှ ငြိမ်းချမ်းရေး ကို ပြန်ပြီးမှ  တွေ့ဆုံ ပြီးမှ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက်ပေါ့နော အဲဒါကို ကျမတို့က တောက်လျှောက်တောင်းဆိုနေတာပေါ့” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်ဒေသခံတစ်ဦးဖြစ်သူ မိုင်းမိုင်က ပြောသည်။

“ဒီအရပ်သား ပြည်သူတွေ သွားလာတဲ့ လမ်းပေါ်မှာပဲ ခဏခဏ တိုက်ပွဲ ဖြစ်နေတယ်။ ပြီးရင် နောက်တစ်ခုက အရပ်သား တွေရှိနေတဲ့ ပြည်သူ တွေရှိနေတဲ့ ရွာတွေမှာ လက်နက်ကြီးတွေ ပစ်တယ်ဆိုတဲ့ ဟာတွေပေါ်မှာ မူတည် ပြီးတော့ ပြောချင်တာ ဖြစ်တယ်။”

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဆိုသလို ပြန်လည် ဖြစ်ပွားလာနေသည်။

တိုက်ပွဲများကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲသည့်အတွက် နေအိမ်များ ပျက် ဆီးခြင်း၊ ဒေသခံများမှာ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် စစ်ဘေးရှောင်များအဖြင့် ထွက်ပြေးတိမ်း ရှောင်နေရ သည့် အတွက် အဆိုပါ လုပ်ဆောင် မှုများကို နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး ရပ်တန့်  ပေးရန် တောင်း ဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိ စစ်ရေးပဋိပက္ခအတွင်း ဒေသခံပြည်သူများကို လက်နက်ကိုင် အဖွဲ့အစည်းများက ဖမ်းဆီး ထိန်းသိမ်းခြင်းများလည်း ရှိနေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။ ဖမ်းဆီးထိန်းသိမ်း ခံရသူ များကိုလည်း အမြန်ဆုံး ပြန်လည်လွတ်ပေးရန် တောင်းဆိုသည်ဟု ဆိုသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က လွေးချိဆငါး က “ဒီလူငယ်တွေ ဒီပြည်သူတွေက ဘာမှ မသက်ဆိုင် ဘူး လက်နက်ကိုင် လည်း မဟုတ်သလို တကယ့်သာမန်ပြည်သူတွေ ဖြစ်နေတဲ့အပေါ်က ဒီလိုမျိုး ဦးတည် ပြီးတော့ ဖမ်းတာတို့ ခုနလိုမျိုး ဘယ်သူဘယ်ဝါ လမ်းတစ်ဝက်မှာရော ခရီးသွားနေတဲ့ အချိန်မှာ ဖမ်းမိတဲ့ပုံစံမျိုး အဲလိုမျိုး လုပ်ခြင်းသည် ပြည်သူလူထုကို ဦးတည်ပြီး တိုက်ခိုက်တဲ့ ပုံစံလို့ ကျမတို့ သုံးသပ်လို့ ရတယ်” ဟု ပြော သည်။

နိုဝင်ဘာလအတွင်းတွင် ကွတ်ခိုင်ဈေးသို့ ဈေးသွားဝယ်ရာမှ ပြန်လာသည့် လူငယ် ၂ ဦးကို အေးရှားဝေါလ် တိုးဂိတ်တွင် အရပ်ဝတ်ထားသည့် တပ်မတော်သားများမှ ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယခုအချိန်အထိ ပြန်လည်လွတ်ပေးခြင်း မရှိသလို မိသားစုဝင်များနှင့်လည်း တွေ့ခွင့် မပေးသေးသည့် ဖြစ်စဉ်များ ရှိသည်ဟု TWO က ဆိုသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိ လက်နက်ကိုင် အဖွဲ့အစည်းများမှ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဦးရေ ၂၀ ကျော် လောက် ရှိနေနိုင်ပြီး သတင်းမရရှိပဲ အစအနပျောက်သွားသူများ ၎င်းတို့လက်လှမ်းမမှီသည့် ဒေသများရှိ သူများ လည်း များစွာရှိနေသေးသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကျောက်မဲ၊ လားရှိုး၊ ကွတ်ခိုင်၊ သီပေါ၊ နမ့်ဆန်၊ နမ့်ခမ်း အစရှိသည့် မြို့နယ်များတွင် တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ် ပွားနေပြီး လက်ရှိတွင် စစ်ရေးတင်းမာမှုများရှိနေသည်ဟု သိရသည်။

တိုက်ပွဲများ ဖြစ်ပွားနေသည့် တစ်ဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများလည်း ရှိနေပြီး အဆိုပါ ဆွေးနွေးမှု များကို  မိုင်းမိုင်က ယခုလို သုံးသပ်သည်။

“ပြီးခဲ့တဲ့ နှစ်တွေလတွေတုန်းက အနေအထားကို ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးတိုင်း တိုက်ပွဲတွေက ပိုပို ပြင်းထန်လာတဲ့ အနေအထားကို ကျမတို့တွေ့ရတယ်။ အဲတော့ အဲဒါကို ပြောရမယ်ဆိုရင်တော့ ကျမတို့က အကျိုးစီးပွားတွေ ပြီးရင် အတ္တတွေ မာန်တွေ လျှော့ပြီးမှပေါ့နော တစ်ယောက်နဲ့ တစ်ယောက် ဖြစ်နိုင်တဲ့ လမ်း ကြောင်းကို သွားတာက ပိုပြီးမှ အဆင်ပြေမယ်လို့ မြင်တယ်။” ဟု မိုင်းမိုင်က ပြောသည်။ ပြီးရင် နောက်တစ်ခုက ဘာလဲဆိုတော့ တိုင်းရင်း သားတွေက တောင်းဆိုနေတဲ့ အချက်တွေကို လျစ်လျူမရှု့ပဲနဲ့ပေါ့နော အမြန်ဆုံး ဖော် ဆောင်နိုင် မယ်ဆိုရင် တော့ ဒီဟာ ဒီကစ္စကတော့ အများကြီး ငြိမ်းချမ်းသွားမယ်လို့တော့ ကျမတို့ မြင်တယ်။ မျှော်လင့်တယ်ပေါ့။”

နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ တပ်မတော်နှင့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး တိုက်ပွဲကြောင့် ဒေသခံများမှာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံနေရသည့်အတွက် တိုက်ပွဲများကို ရပ်တန့်ပြီး ဆွေးနွေးပွဲများကို အမြန်ဆုံး လုပ်  ဆောင် ပေးပါရန် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသခံများနှင့် အရပ်ဖက်အဖွဲ့အစည်းများက နှစ်ဖက် လက်နက် ကိုင် အဖွဲ့အစည်းများအား တောင်းဆိုသည်ဟု ဆိုသည်။

May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...