ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုအပေါ်သက်ရောက်နေသည့် အခြေအနေကို အစီရင်ခံစာတရပ် ထုတ်ပြန်

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုအပေါ်သက်ရောက်နေသည့် အခြေအနေကို အစီရင်ခံစာတရပ် ထုတ်ပြန်
by -
ကန္တရဝတီ
Karenni State Situation Update အစီရင်ခံစာ
Karenni State Situation Update အစီရင်ခံစာ
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူထုအပေါ်သက်ရောက်နေသည့် မြေယာပြဿနာ၊ အကြီးစားစီမံကိန်း၊ အခွန်ကောက်ခံခြင်း၊ စစ်ဆေးရေးဂိတ်နှင့် လုံခြံုရေးကိစ္စရပ်များ၏ အခြေအနေများကို (Karenni State Situation Update) အစီရင်ခံစာတရပ်ကို ထုတ်ပြန်လိုက်သည်ဟု သိရသည်။

ထိုအချက်များအနက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်နှင့် စီပွားရေးလုပ်ငန်းရှင်များမှ ကယား(ကရင်နီ) ပြည်နယ်အတွင်း အဆိုပါအချက်များနှင့် ပတ်သက်၍ ပြည်သူလုထုထံသို့ ပွင့်လင်းမြင်သာစွာ သတင်းအချက်အလတ်များ ချပြပေးရန် တိုက်တွန်းနိုးဆော်ထားသည်ကို တွေ့ရှိရသည်။

၎င်းအချက်ငါးချက်အပေါ် လူထုများကြံုတွေ့နေရသော အခြေအနေများအား ပြည်သူများအကြားနှင့် တာဝန်ရှိသူများထံ အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များကို ဝေမျှပေးနိုင်ရန် Karenni State Situation Update မှ လူထုအကြားစစ်တမ်း တရပ်ကောက်ခံပြီး ဇန်နဝါရီ ၁၇ ရက်နေ့က အဆိုပါ အစီရင်ခံစာအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အကြီးစားစီမံကိန်းများနှင့် ပတ်သက်၍ ဖြေဆိုသူအများစုက မသိရှိရကြောင်း အစီရင်ခံစာတွေ ဖြေဆိုထားသည်။

“မပွင့်မလင်း ကိစ္စတွေ အများကြီးရှိတယ်ပေါ့။ ဥပမာ အကြီးစားစီမံကိန်းဟာလိုမျိုး သူရဲ့ ကောင်းကျိုး ဆိုးကျိုး နှစ်ခုစလုံးကို ဒွန်တွဲပြီးတော့ ချပြရမယ့်ဟာကို ကောင်းတဲ့ဖက်ကနေပဲ ချပြတာမျိုးရှိတယ်။”ဟု ၎င်းအစီခံစာကောက်ယူရာ၌ အဖွဲ့ဝင်တဦးဖြစ်သူ အန်ထော်နီတူရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

မြေယာသိမ်းဆည်းမှုပြဿနာခေါင်းစဉ်တွင် မြေသိမ်းဆည်းထားသော အစိုးရစစ်တပ်/ အာဏာပိုင်အများစုက သိမ်းဆည်းမြေယာများကို ပြန်လည်ပေးရာတွင် မူလပမာဏအတိုင်း တိတိကျကျ ပြန်လည်ပေးအပ်ခြင်းမရှိသလို မြေယာများသိမ်းယူစဉ်၌ ဥပဒေများကို အလွဲသုံပြုလုပ်ပြီး အဓမ္မသိမ်းဆည်းခဲ့သည်ဟု စစ်တမ်းဖြေဆိုသူများက ဆိုထားကြောင်း အစီရင်ခံစာက ဖေါ်ပြထားသည်။

ကရင်နီပြည်နယ်၏ ပင်မတိုင်းရင်းသားလက်နက်ကိုင် KNPP ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီရရှိပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအချို့မှ စစ်ဆေးရေးဂိတ်များ တိုးချဲ့ချထားမှုများ ရှိလာသည်ဟု အစီရင်ခံစာက ဆိုထားသည်။

အဆိုပါဂိတ်များကို ဖြတ်သန်းသွားလာရာတွင် အခကြေးငွေဖြင့် အခွန်ပေးဆောင်ရခြင်း၊ မလိုလားအပ်သော စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်မှုကြောင့် မိမိတို့အနေဖြင့် အခက်အခဲဖြစ်နေရသည်ဟု ဖြေဆိုသူများက ပြောဆိုထားကြကြောင်း ဖေါ်ပြထားသည်။

ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်၌ သက်ရောက်မှုကိုဖြစ်စေသောအချက်များမှ ထိုအချက်ပါ အကြောင်းအရာများသည် အဓိကမှီတည်နေခြင်းဖြစ်ကြောင်း အစီရင်ခံစာက ဆိုထားသည်။

Karenni State Situation Update ၏ အစီရင်ခံစာကို ကယား(ကရင်နီ)ပြည်နယ်ရှိ လူထုအခြေပြုအဖွဲ့အစည်းများ၌ တာဝန်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များက စုပေါင်းပြီး လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းကို ၂၀၁၆ စက်တင်ဘာလမှ နိုဝင်ဘာလအတွင်း သုံးလအကြာ စစ်တမ်းကောက်ယူခဲ့သည်။

အဆိုပါအရင်ခံစာကို တိုင်းရင်းသာလက်နတ်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စိုက်ပျိုးရေးလုပ်ကိုင်နေသော တောင်သူများနှင့် လူငယ်များအပေါ် အခြေပြု၍ အမျိုးသမီး ၂၇ ရာခိုင်နှုန်းနှင့် အမျိုးသား ရ၃ ရာခိုင်နှုန်းကို မေးမြန်စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...