ရှားတောဖက်တွင် သံလွင်မြစ်ကူးတံတား တည်ဆောက်ဖို့ရှိ

ရှားတောဖက်တွင် သံလွင်မြစ်ကူးတံတား တည်ဆောက်ဖို့ရှိ
by -
ကန္တရဝတီ
ရှားတော မြို့နယ် တာတမောတွင် သံလွင် မြစ်ကူးတံတားတစင်း တည်ဆောက်ရန် ရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မှ တံတားအထူးအဖွဲ့ ၆ တာဝန်ရှိသူ ကပြောသည်။

၎င်းတံတားမှာ ပေ ၁၂၅၀ ရှည်လျားမှာ ဖြစ်ပြီး သံကူကွန်ကရစ် တံတားအမျိုးအစား တည်ဆောက်မည်ဖြစ်သည်။

၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရန် လျာထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ လမ်းတံတားဦးစီးဌာနက ၏ ရသုံးမှန်းခြေ ငွေစာရင်းတွင် ဖော်ပြထားသည်။

“အခုလွိုင်ကော် နားမှာ၊ ရှားတောနားမှာ ဖောက်လိုက််မယ်ဆိုရင် ရှားတောဖက်ကနေ ထိုင်းဖက်ကို ဖြတ်သွားလို့ရမယ်။ အဲဒါလည်း သူတို့ လျာထားငွေထဲမှာလည်းပါတယ်။ အဖွဲ့ကတော့ သူတို့ ပြည်ထောင်စုအဖွဲ့ တွေ ဆုံးဖြတ်မယ်ဆိုတော့ ဘယ်အဖွဲ့က ဆောက်မလဲဆိုတာတော့ မသိဘူးပေါ့နော။ တံတား” ဟု တံတားအထူးအဖွဲ့ ၆ မှ ဦးလှိုင်မျိုးဝင်း ကပြောသည်။

လက်ရှိတွင် တံတားအတွက် တိုင်းတာမှုများ မလုပ်ရသေးကြောင်းဆိုပါသည်။ တံတားအတွက် ခန့်မှန်းခြေ လျာထားငွေသည် ကျပ်သန်းပေါင်း ၁ထောင် အဆိုပြု လျာထားကြောင်းလည်း ရသုံးမှန်းခြေငွေစာရင်းတွေ ဖော်ပြထားသည်။

၂၀၁၇-၁၈ ဘတ်ဂျက်နှစ်တွင် လွိုင်ကော်ခရိုင်အတွင်း တံတား စီမံကိန်း ၅ခု ဆောက်လုပ်မှာဖြစ်ပြီး ရှားတော သံလွင်မြစ်ဖြတ်တံတား မှာ အကြီးဆုံးစီမံကိန်းတခုဖြစ်သည်။

June 10, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတနေရာမှာ မသန်စွမ်းသူတွေကို ဘဝမြင့်တင်ရေးနှင့်...
June 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် သော်ခူ စစ်ရှောင်စခန်းမှာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်...
June 9, 2026
“မိုးကာကတော့ မလုံမလောက်ဘူးပေါ့။ တခါတလေ သူများ(အလှူရှင်) ပေးတယ်။ ကိုယ်က မိုးထားပြီးဆိုတော့ ကြွက်က...
June 8, 2026
၂၀၁၉ -၂၀၂၀ ပညာသင်နှစ်မှာ ဆယ်တန်းကျောင်းသားတဦးဖြစ်ခဲ့တဲ့ ကိုပီတာ(အမည်လွှဲ) ဟာ ကိုဗစ် ကပ်ရောဂါနဲ့...