ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရေး PPST စည်းဝေး

ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရေး PPST စည်းဝေး

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် NCA အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အဖွဲ့အစည်းအဝေး ယနေ့စတင်ကျင်းပနေသည်။

၅ ကြိမ်မြောက်ကျင်းပသည့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိရေး ကိစ္စ၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည်ကျင်းပနိုင်ရေးကိစ္စ၊ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးကိစ္စ၊ NCA သဘောတူစာချူပ် လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနား ကျင်းပရေး ကိစ္စ များအား အဓိက ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

ယနေ့စတင်ကျင်းပသည့် အစည်းအဝေးတွင် တစ်ဆို့နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကျော်လွှားနိုင်ရေးနှင့် ပတ်သက်၍ မကြာသေးမှီက သွားရောက်ခဲ့သည့် ဥရောပ ခရီးစဉ် တွင် NCA-s EAO ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ဟာ အလွတ်သဘောတွေ့ဆုံမှုတွေရှိခဲ့ပြီး ရလာဒ်များကို ယခုအစည်းအဝေး၌ တင်ပြသွားရန်ရှိသည်ဟုလည်း သိရှိရသည်။

အစည်းအဝေးကို NCA အပစ်ရပ် ၁၀ ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU တို့မှ ခေါင်းဆောင်ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်နေသည်။

Most read this week

September 2, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းကျေးရွာအတွင်းသို့...
September 2, 2026
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသသို့ စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ရဲ၊...
September 1, 2026
ရခိုင်ပြည် တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွ မြို့နယ် သုံးခုသို့ စစ်တပ်က...
ဓာတ်ပုံ - APF/ ပုံဟောင်း
September 1, 2026
တနင်္သာရီတိုင်းအတွင်း လက်လွှတ်လိုက်ရသည့် ဆုံးရှုံးနယ်မြေများနှင့် မဟာဗျူဟာကျသည့် ထားဝယ် ရေနက်...