စီတန်းလမ်းလျောက်ခဲ့မှုကြောင့် အမျိုးသမီး အဖွဲ့ဝင် သုံးဦးကို ရဲတပ်ဖွဲ့ တရားစွဲ

စီတန်းလမ်းလျောက်ခဲ့မှုကြောင့် အမျိုးသမီး အဖွဲ့ဝင် သုံးဦးကို ရဲတပ်ဖွဲ့ တရားစွဲ

တရားစွဲခံနေရသည့် နော်အုန်းလှနှင့် နှစ်ဦးကို ဝန်းရံသည့်အနေဖြင့် စီတန်းလမ်းလျောက်ခဲ့မှုကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ DPW နှင့် ကရင် အမျိုးသမီး အစည်းအရုံး KWU တို့မှ အဖွဲ့ဝင် ၃ ဦးကို ကျောက်တံတား မြို့နယ် ရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားသည်ဟု ဒီမိုကရေစီနှင့် ငြိမ်း ချမ်းရေး အမျိုးသမီးအဖွဲ့ DPW က ပြောသည်။

ကရင့် အာဇာနည်နေ့ ကျင်းပမှုဖြင့် ဖမ်းဆီးခံရသည့် နော်အုန်းလှနှင့်အတူ ကရင်လူငယ် ၂ ဦး၏ ၅ ကြိမ် မြော က် ရုံးထုတ်သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဝန်းရံခဲ့သည့်အတွက် တရားစွဲဆိုခဲ့ရခြင်းဖြစ်သည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ DPW အထွေထွေအတွင်းရေးမှူး ကိုမင်းနေထူးက ပြောသည်။

“ရဲစခန်းကနေ ပြီးတော့ စခန်းမှူးကနေပြီးတော့ ကျနော်တို့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့က တရား စွဲခံထားရတဲ့ ဒေါ်စိန်ထွေးကို ဖုန်းဆက်အကြောင်းကြားတာပါခင်ဗျား။ သူတို့က မစိန်ထွေးတို့ကို ဖုန်းဆက် ပြီး တော့ လှမ်းပြီးတော့ ပြောတော့ ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ပေါ့နော တရားစွဲ ဆိုထားတယ်ပေါ့ အဲဒီ တရားရုံးချိန်းနေ့ က ဒီမဟာဗန္ဓုလ ပန်းခြံကနေပြီးတော့ တရားရုံးချိန်းကို လမ်းလျှောက်ပြီး တော့ လူစုပြီးတော့ သွားလို့ဆိုပြီး ပြောပါ တယ်ခင်ဗျား” ဟုပြောသည်။

ကျောက်တံတား မြို့နယ် ရဲစခန်းမှ ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားသည့် သူများမှာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး အဖွဲ့ DPW မှ ဒေါ်စိန်ထွေး၊ မဇာခြည်လင်းနှင့် ကရင် အမျိုးသမီး အစည်းအရုံး KWU မှ နော်လားရှီးထူး တို့ဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ၎င်းတို့အဖွဲ့မှ တရားစွဲဆိုခံထားရသည့် သူများကို အားသည့် ရက်တွင် ရဲစခန်းတွင် လာရောက် အစစ်ခံရန်ပြောဆိုထားသည်ဟု DPW က ဆိုသည်။

“ကျနော်တို့ အခုလောလောဆယ် အစစ်ခံဖို့အတွက်ကိုတော့ ကျနော်တို့ မလုပ်သေးပါဘူးပေါ့နော အကယ်၍ သူတို့က ဖမ်းတယ်ဆီးတယ် လုပ်တယ်ဆိုရင်တော့ ကျနော်တို့ အဖွဲ့ဝင်တွေရော တစ်ခြားဝန်းရံတဲ့ အင်အားစု တွေနဲ့ သွားပြီးတော့ ရဲစခန်းမှာ အကုန်လုံးအဖမ်းခံမှာပါ။ အကုန်လုံး ဒါပေါ့နော မတရားဒါဖြစ်တဲ့အတွက် လမ်းလျှောက်တဲ့အထဲမှာ ဝန်းရံတဲ့သူတွေ အားလုံးပါတဲ့အတွက် အဲဒီအားလုံးသွားပြီးတော့ အဖမ်းခံမှာပါ” ဟု ကိုမင်းနေထူး က ပြောသည်။

နော်အုံးလှနှင့် နှစ်ဦးကို စီရင်ချက်ချမည့် နောက်ဆုံး ရုံးချိန်းတွင် ကရင်အဖွဲ့အစည်းများ၊ ကရင် အမျိုးသားများ၊ အခြား တိုင်းရင်းသားများနှင့် အခြားသော ထောက်ခံသူများပါဝင်ပြီး ကရင် အမျိုးသား အလံများ ထောင်ကာ လေးယောက်တစ်တွဲ လမ်းလျောက်ပြီး ထောက်ခံမှုကို ပြသခဲ့ကြခြင်း ဖြစ်သည်။

စက်တင်ဘာလ ၂၇ ရက်နေ့က မဟာဗန္ဓုလ ပန်းခြံမှ ကျောက်တံတားမြို့နယ် တရားရုံးသို့ လမ်းလျှောက်ကာ နော်အုန်းလှနှင့် လူငယ် ၂ ဦးအား သွားရောက်ဝန်းရံသူ အများကြီးထဲမှ တရားစွဲဆိုခံရသူများသည် နော်အုန်းလှ ၏ အမျိုးသမီး အဖွဲ့အစည်းများမှ လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။

အောက်တိုဘာလ ၂ ရက် ယမန်နေ့ကလည်း ဖမ်းဆီး တရားစွဲဆိုခံထားရသည့် နော်အုန်းလှနှင့် လူငယ် ၂ ဦးကို တရားစီရင်သည့်နေ့တွင် ကရင်လူထုအပါအဝင် တက်ကြွလှုပ်ရှားသူများနှင့် တိုင်းရင်းသား လူမျိုးစုများမှ မဟာဗန္ဓုလ ပန်းခြံမှ ကျောက်တံတား တရားရုံးသို့ လမ်းလျှောက်ကာ သွားရောက်ဝန်းရံခဲ့ကြသည်။

သို့သော် အဆိုပါ ဝန်းရံမှုနဲ့ ပတ်သက်၍ တစ်စုံတစ်ရာ အရေးယူမှု မရှိသေးဟု အမျိုးသမီး အဖွဲ့များက ပြော သည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုကို အသွင်ကူးပြောင်းကာ သွားနေသည့် နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေးတို့ကို လုပ်ဆောင်ရာတွင် တိုင်းရင်းသား လူမျိုးစုတိုင်းအား တန်းတူအခွင့်အရေး ပေးရန်လိုအပ်သည်ဟု ကိုမင်းနေထူး က ပြောသည်။

“ကျနော်တို့ တိုင်းရင်းသားတွေ အကုန်လုံးပေါ့နော ကရင်မှ မဟုတ်ပါဘူး ကျန်တဲ့တိုင်းရင်းသားတေ အားလုံးပဲ ဒီ လိုတန်းတူပေါ့နော အခွင့်အရေးတွေ ပေးဖို့လိုပါတယ်။ အခုဟာက ဖိနှိမ့်မှုတွေက တစ်ခုထဲနဲ့ မပြီးသွားပဲနဲ့ ဆက် ခါဆက်ခါ ထပ်ဖြစ်လာတော့ မကောင်းဘူးပေါ့နော နိုင်ငံအတွက်လည်း” ဟုပြောသည်။ အဲတော့ အခုဆိုလို့ရှိရင် လည်း ဒီ NCA မှာလည်း သူတို့ သဘောတူချက်တွေကို အစိုးရဖက်က ချိုးဖောက်နေတယ်လို့ ကျနော်တို့က မြင်ပါ တယ်။ အဲတော့ ဒါမျိုးမဖြစ်စေချင်ပါဘူး။ နောက်တစ်ခုကတော့ အဲလိုအမှုဖွင့်ပြီးတော့ ဖြေရှင်းတာက မှန်ကန်တဲ့ ဖြေရှင်းမှု မဟုတ်ပါဘူးခင်ဗျား”

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ရှိ မြို့တော်ခန်းမရှေ့တွင် ကရင့်အာဇာနည် ကျင်းပရာတွင် တားမြစ်ထားသည့် ကရင့်အာဇာနည်ဆိုသည့် စကားလုံးကို အသုံးပြုခဲ့သည့်အတွက် ဒီမိုကရေစီနှင့် ငြိမ်းချမ်း ရေး အမျိုးသမီးအဖွဲ့ DPW အဖွဲ့ ခေါင်းဆောင် နော်အုန်းလှနှင့် ကရင်လူငယ် ၂ ဦးဖြစ်သည့် စောအဲလ်ဘတ်ချို၊ စသိန်းဇော်မင်းတို့ကို ငြိမ်းစုစီ ပုဒ်မ ၂၀ ဖြင့် ကျောက်တံတားမြို့နယ် ရဲမှူးက တရားစွဲဆိုခဲ့သည်။

၎င်းတို့ ၃ ဦး၏ အမှုကို အောက်တိုဘာလ ၂ ရက်နေ့ ယမန်နေ့က ကျောက်တံတားမြို့နယ် တရားရုံးမှ ထောင် ဒဏ် ၁၅ ရက်စီကျခံရန် အမိန့်ချခဲ့သည်။

သို့သော် ၎င်းတို့ ၃ ဦးအား ချုပ်ရက် ခံစားခွင့်များ ထုတ်နုတ်ခံစားခွင့်ပြုကာ စတင်ဖမ်းဆီးစဉ်က အာမခံမယူပဲ ထောင်အချုပ်ဖြင့် ရင်ဆိုင်ခဲ့သည့်အတွက် စက်တင်ဘာလ ၂ ရက်နေ့ ယမန်နေ့က ပြန်လည် လွတ်မြောက် လာခဲ့ကြသည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...