ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဇင်းကျိုက်အကျဉ်းဦးစီးစခန်းသို့လာရောက်

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဇင်းကျိုက်အကျဉ်းဦးစီးစခန်းသို့လာရောက်
by -
မွန်သတင်းအေဂျင်စီ
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စစ် ရန်ဟီးလီနှင့် အဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဇင်းကျိုက် အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းသို့ လာရောက်လေ့လာခဲ့သည်ဟု သိရသည်။

ဇင်းကျိုက် အကျဉ်းဦးစီဌာန ကုန်ထုတ်စခန်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုရှိမရှိ၊ အလုပ်စခန်း မည်သို့ပေါ်လာရကြောင်း၊ ကုန်ထုတ်စခန်းအရေအတွက်၊ ရဲဘက်ဦးရေ အရေအတွက်၊ အလုပ်စေခိုင်းမှုအခြေအနေ၊ ပြစ်ဒဏ်ခံစားရသည့်အခြေအနေ၊ ခွဲခြားခိုင်းစေခြင်း ရှိမရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ အစရှိသည့်အခြေအနေတို့ကို မစ္စစ် ရန်ဟီးလီနှင့်အဖွဲ့က မေးမြန်းခဲ့ကြောင်း သိရသည်။

ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ် ရန်ဟီးလီ(MNA)

“ကျောက်ထုတ်လုပ်စခန်းမှာ ရဲဘက်အကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်မှု ရှိမရှိ မေးမြန်းခဲ့တယ်၊ အကျဉ်းစခန်းက လက်ရှိဝန်ထမ်းဦးရေးနဲ့ ရဲဘက်များအပေါ် ဘယ်လိုစီမံဆောင်ရွက်ပေးလဲ။ ရဲဘက်တွေကို ကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုဆောင်ရွက်ပေးလဲဆိုတာ မေးမြန်းခဲ့တယ်“ ဟု အကျဉ်းစခန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၄င်းပြင် ကျောက်ထုတ်လုပ်ငန်းဌာန ကုန်ထုတ်စခန်း ဝန်ထမ်းများက ရဲဘက်များအပေါ် ညှင်းပန်းနှိပ်စက်ခြင်း ရှိမရှိ၊ ရှိပါက မည်သို့ အရေးယူဆောင်ရွက်သည်ကိုလည်း မေးမြန်းခဲ့ရာ စခန်းတွင် ခွဲခြားခိုင်းစေခြင်းမရှိသလို နှိပ်စက်ညှင်းပန်းခြင်းများလည်း မရှိကြောင်း၊ ရှိပါကလည်း တိုင်ကြားနိုင်ပြီး ပြစ်မှုထင်ရှားပါက အရေးယူဆောင်ရွက်ခြင်းများရှိသည်ဟု ဆိုသည်။

မစ္စစ် ရန်ဟီးလီနှင့်အတူ နိုင်ငံခြားရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်လင်းမာလာကျော်၊ ကုလသမဂ္ဂ ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်း၊ UN Local Security Assistance မှ ဦးဟန်စိုးသောင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးချုပ် နိုင်ငံတကာဌာန ဦးရဲမင်းမြတ်တို့ လိုက်ပါခဲ့သည်။

ကျောက်ထုတ်လုပ်စခန်းသို့ ရောက်ရှိနေသည့် ရဲဘက်များသည် အလုပ်နှင့် ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းသားများဖြစ်သည်ဟု အကျဉ်းစခန်း တာဝန်ရှိသူတို့က မစ္စစ်ရန်ဟီးလီးအား ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Mrs. Yanghee Lee သည် ဇင်းကျိုက် အကျဉ်းဦးစီးဌာနရှိ ကျောက်ထုတ်လုပ်စခန်းသို့ ပထမဆုံးအကြိမ် လာရောက်လေ့လာခြင်းဖြစ်သည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...