တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စ တစ်ပတ်အတွင်းထုတ်ပြန်ရန်ရှိ

တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စ တစ်ပတ်အတွင်းထုတ်ပြန်ရန်ရှိ
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး(Internet)
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး(Internet)
တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စနှင့် ပတ်သက်ပြီး တွေ့ရှိချက်အပေါ် အဖြေကို တစ်ပတ်အတွင်း ထုတ်ပြန်သွားရန်ရှိသည်ဟု NLD လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သ࿿ာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဒုဥက္ကဌတို့သည် တိုင်ကြားခံထားရပြီး တိုင်ကြားချက်အပေါ် အဖွဲ့ဝင် ၃ ဦးပါသည့် လေ့လာသုံးသပ်ရေးအဖွဲ့က စစ်ဆေးထားပြီး တွေ့ရှိချက်အပေါ် အဖြေကို တစ်ပတ် (သို့) ၁၀ ရက်အတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။

“နောက်ဆုံးအခြေအနေက အသီးသီးတွေ့ရှိချက်တွေကို အမိန့်ချမယ် အမိန့်ဘာထွက်လာမလဲဆိုတာကတော့ အန်ကယ်မသိဘူး၊ အဖြေကို တစ်ပတ်လောက်ပါ တစ်ပတ် ၁၀ ရက်လောက် ထုတ်ပြန်နိုင်မယ်” ဟု လေ့လာသုံးသပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

တိုင်ကြားခံထားရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သ࿿ာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဒုဥက္ကဌကိစ္စကို လေ့လာစုံစမ်းရန်အတွက် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ဒေါက်တာမျိုးညွန့်နှင့် ဦးကျော်ဟိုးတို့ ပါဝင်သည့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ အဖွဲ့အနေဖြင့် တိုင်ကြားခံရသူတို့နှင့် တိုင်ကြားထားသူတို့ကို တွေ့ဆုံစစ်ဆေးခဲ့သည်။

လေ့လာသုံးသပ်ရေးအဖွဲ့အနေဖြင့် တိုင်ကြားခံရမှုအပေါ် စစ်ဆေးတွေ့ရှိချက်များကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ အစီရင်ခံစာ တင်ပြထားပြီးဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ဝန်ကြီးချုပ် တာဝန်ယူခဲ့သည့် ၈ လတာကာလအတွင်း လွှတ်တော်အစည်းအဝေးတက်ရန် ပျက်ကွက်ခြင်းကိစ္စ၊ ပြည်နယ်စီမံကိန်းကော်မတီဖွဲ့စည်းရာတွင် စီးပွားရေးလုပ်ငန်းရှင် ထည့်သွင်းထားသည့်ကိစ္စ စီးပွားရေးလုပ်ငန်း ရှင်တွေနှင့် မကြာခဏတွေ့ဆုံနေသည့်ကိစ္စတွေနှင့် ပတ်သက်ပြီး ပြည်သူလူထုတွေကြားမှာ ဝေဖန်ခံနေရသည့်အပြင် လူမှုရေးကိစ္စနှင့် ပတ်သက်ပြီး သတင်းထွက်ပေါ်နေမှုအပေါ်မှာလည်း ဝေဖန်ခံနေရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ယူထားသည့် ဦးမင်းမင်းဦးသည် ဝန်ကြီးချုပ်တာဝန်အပြင် ပြည်နယ်စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူထားသူတစ်ဦးလည်းဖြစ်သည်။

အကယ်၍ ဝန်ကြီးချုပ်နေရာအား ပါတီတာဝန်ရှိသူများ နုတ်ထွက်ခိုင်းပါက ချက်ချင်းနုတ်ထွက်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက NLD ပါတီ၏ နိုဝင်ဘာ ၁၂ ရက်နေ့တွင်ကျင်းပခဲ့သော ပထမ-ဗဟိုကော်မတီ ဆဋ္ဌဌမအကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီး မီဒီယာများအား ဖွင့်ဟပြောကြားခဲ့သည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...