မူဆယ် ကြေးမုံ သတင်းထောက် သေနတ်ပစ်ခံရ

မူဆယ် ကြေးမုံ သတင်းထောက် သေနတ်ပစ်ခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့က ကြေးမုံသတင်းစာ သတင်းထောက်တဦး ယမန်နေ့က သေနတ်ပစ်ခတ်ခံရကြောင်း သတင်းရရှိသည်။

ယမန်ညက ဆရာမောင်(မူဆယ်) နှင့် အဖော် အဖြစ်လာရောက် အိပ်ပေးသည့် မောင်ကောင်းမြတ်ထွန်း တို့သည် အိမ်နှင့် ကပ်လျက်ရှိသည့် ဆောက်လုပ်ဆဲ ခြံ ရှေ့ ထွက် စကားပြောနေချိန် အမျိုးသား ၂ဦး က မင်္ဂလာမူဆယ် သွားလမ်း ကို လှမ်းမေးပြီးနောက် ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆရာမောင်(မူဆယ်) က –စက်တင်ဘာလ ၃ ရက် ည ၉ နာရီ ခွဲဝန်းကျင်တွင် မူဆယ်မြို့ဟိုမွန်ရပ်ကွက် သိန်းသန်းချီ ကားကြီးဝန်း တွင် နေထိုင်သည့် ကြေးမုံ သတင်းထောက် ဆရာမောင်ကို အမည်မသိ လူနှစ်ဦး က ပစ္စတို သေနတ်ဖြင့် ပစ်ခတ်ရာ ညာဖက်ခြေတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပစ်ခတ်ခံရသည့် ဆရာမောင်(မူဆယ်) က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ လူ ၂ ဦး ပါ။ တယောက်က အရပ်မြင့်မြင့် အသားဖြူဖြူ၊ ဦးထုတ်ဆောင်းထားတယ်။ နောက်တယောက်က မျက်နှာဖုံး( msak) တပ်ထားတယ်။ ကျနော်ကို ၅ ချက်ပစ်တယ်။ ကျနော့်အိမ်မွေးခွေးကို ၁ ချက်ပစ်သွားတယ်” ဟု ဆိုသည်။

“ သတင်းနဲ့ တော့ မပတ်သက်ဘူး။ ကျနော့်ကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု နဲ့ လုပ်ကြံတယ်လို့ ကျနော်ယူဆတယ်” ဟု ဆရာမောင််(မူဆယ်) ကဆိုသည်။သြဂုတ် ၃၁ ရက် မနက် ၈ နာရီ ဝန်းကျင်တွင်လည်း ၄င်းအိမ်ရှေ့သို့ လူတဦး ရောက်လာကာ လူမှု ကွန်ရက်စာမျက်နှာတွင် ဆရာမောင်(မူဆယ်)အား တက်ခ်တွဲထားတဲ့ ပို့စ်တခုနှင့်ပတ်သတ်ပြီး ခြိမ်းခြောက်မှု ပြလုပ်ခဲ့သည်။

မူဆယ်မြို့ မရဲစခန်း (ပ) ရ၂၀/ ၂၀၁၉၊ ရာဇာသတ်ကြီး ၃၀၇/၃၂၆ /၁၄၄ တို့ဖြစ်သည့် လုပ်ကြံမှု၊ အကြီးအကျယ် ထိခိုက်နာကျင်မှု နှင့် လုပ်ကြံပြီး ထွက်ပြေးသည့် အမှုတို့ဖြင့် ဖွင့်ထားကြောင်းသိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...