နိုင်ငံတကာသံတမန်များအား လက်ရှိအစိုုးရ၏နိုုင်ငံရေးမူဝါဒများ ချပြ

နိုင်ငံတကာသံတမန်များအား လက်ရှိအစိုုးရ၏နိုုင်ငံရေးမူဝါဒများ ချပြ
by -
သတင်းနှင့် မီဒီယာ ကွန်ယက်
ဇန္နဝါရီလ ၄ ရက်နေ့ ယနေ့တွင်ကျရောက်သည့် ၆၉  နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကိုု ထိုုင်းနုုိင်ငံ ချင်းမိုုင်မြို့ရှိ Empress Hotel တွင် ချင်းမိုုင်မြန်မာကောင်စစ်ဝန်ရုံုးချူပ်မှ ဦးစီးပြီး ည ၆ နာရီက အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။

လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ကီလိုုမီတာ နှစ်ထောင်ခန့်ထိစပ်နေသည့် ထိုုင်း မြန်မာ နှစ်နုုိင်ငံ ရင်းနှီးချစ်ခင် ဆက်ဆံခဲ့မှု အခြေအနေ၊ လက်ရှိမြန်မာအစိုုးရ၏ နိုုင်ငံရေး မူဝါဒနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ များနှင့် ရခိုုင်ဒေသတွေဖြစ်ပေါ်နေသည့် အခြေအနေများကိုု တရားဥပဒေအရ ဆောင်ရွက်နေမှုများအား နိုုင်ငံတကာမှ သိရှိစေရန် အခမ်းအနား တက်ရောက်လာသည့် သံတမန်များကိုု ချင်းမုုိင်ကောင်စစ်ဝန်ရုံုးမှ ကောင်စစ်ဝန် ဦးကောင်းစံလွင် မှ ရှင်းလင်းခဲ့သည်။

ယခုုကဲ့သိုု့ ပြောဆိုုရခြင်းသည် နိုုင်ငံတကာအပါအဝင် သတင်းမီဒီယာများတွင် ကြားသိနေရသော အချက်အလက်များလွဲမှားမှု မရှိစေရန်နှင့် လက်ရှိ မြန်မာနုုိင်ငံတွင်း ဖြစ်ပေါ်နေသော အခြေအနေမှန်များအား နိုုင်ငံတကာမှ ရှင်းလင်းစွာ သိရှိစေရန် ရည်ရွယ်၍ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြောဆိုုရခြင်းဖြစ်သည်ဟုု ဆက်ပြောသည်။

လွတ်လပ်ရေးနေ့ အခမ်းအနားကိုု ထိုုင်းနုုိင်ငံချင်းမုုိင်မြို့ရှိ နိုုင်ငံတကာသံရုံုးများမှ တာဝန်ရှိသူများ၊ ကောင်စစ်ဝန်ရုံုး များမှ တာဝန်ရှိသူများ၊ ချင်းမုုိင်ခရိုုင်အတွင်းရှိ ဌာနဆိုုင်ရာ ထိုုင်းကိုုယ်စားလှယ်များအပါအဝင် မြန်မာနုုိင်ငံသား ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...