လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်အောက်က တပ်ရင်းတခု တိုက်ခိုက်ခံရ

လားရှိုး ရမခ တိုင်းစစ်ဌာနချုပ်အောက်က တပ်ရင်းတခု တိုက်ခိုက်ခံရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ နမ့်ပေါင်အုပ်စုက တပ်ရင်းတခုအား ညီနောင်မဟာမိတ်တပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

သြဂုတ်လ ၂၈ ရက် ယနေ့မနက်ပိုင်းက ခလရ ၂၉၁ တပ်အား ညီနောင်မဟာမိတ် ၃ ဖွဲ့က ၀င်ရောက်ပစ်ခတ်တိုက်ခိုက်ရာ လမ်းတံတားများဖျက်ဆီးခံရမည်ကို ဒေသခံများစိုးရိမ်နေကြပါသည်။

“မနက် ၅ နာရီခွဲလောက်ကတည်းက သေနတ်သံထွက်နေတယ်။ ခလရ ၂၉၁ တပ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ၀င်တိုက်တာ။ ခုချိန်ထိ မနက် ၉ နာရီအထိက လက်နက်ကြီးသံကြားနေရတုန်းဘဲ။ လက်နက်ကြီးတွေက လုံခန်ရွာဘက်က လယ်ယာတွေထဲကျတာ။ ခုထိတော့ ကျနော်တို့ရွာသားတွေ အိမ်ပြင်မထွက်ရဲကြသေးဘူး။ လမ်းတွေ တံတားတွေချိုးဖျက်မှာကိုဘဲစိတ်ပူနေကြတယ်။ သွားလာရေး ဆက်သွယ်ရေး ကူးသန်းရောင်းဝယ်ရေ လယ်ယာလုပ်ကိုင်ရေးအတွက် ရွာသားတွေအခက်တွေ့ကုန်မယ်လေ ”- ဟု တိုက်ပွဲကြောင့်နေအိမ်မှ မထွက်ရဲသေးသည့် နမ့်ပေါင်ဒေသခံတဦး က သျှမ်းသံတော်ဆင့်အားပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ယခင်အပတ်ကတည်းက ၀မ့်မိုင် ကျိန်းဟုန်းရွာဘက်နှင့် နမ့်ပေါင်အဝင် တောအတွင်း အင်အား ၁၀၀ ကျော် ရောက်ရှိနေကြောင်း မဟာမိတ် ၃ ဖွဲ့သည် စစ်ကြောင်းများခွဲကာ လှည့်ပတ်နေပုံရကြောင်း လယ်ယာသမားများကပြောသည်။

“မနေ့တနေ့က ခလရ ၂၉၁ တပ်က လွယ်လိန်းမန်ပန်ဘက်တက်သွားတယ်ကြားတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း လွယ်လိန်းဘက် တကြောင်း ဖြတ်လာတယ်။ သူတို့နဲနဲဘဲလွဲသွားတယ်။ ” – ဟု နမ့်ပေါင်ဒေသခံက ပြောသည်။

လက်ရှိတွင် နမ့်ပေါင်ဒေသခံ စစ်ဘေးရှောင်များ မရှိသေးသော်လည်း နမ့်မဗောဒ ကျောင်းတွင် လွယ်မတ်မူး ရွာမှ ကျေးလက်ဒေသခံ အိမ်ခြေ ၅၀ နှင့် ကာနရွာမှ အိမ်ခြေ ၂၀ ကျော် ရောက်ရှိခိုလှုံနေကြောင်းလည်း စစ်ရှောင်ကူညီရေး အဖွဲ့များထံမှ သိရှိရသည်။

နော်ကဆုံးရသတင်းအရ မဟာမိတ်တပ်များ မနက် ၁၀ နာရီအချိန်ခန့်က တပ်ဆုတ်နေပြီဖြစ်ပြီး အစိုးရတပ်မှလည်း လိုက်လံတိုက်ခိုက်နေကြောင်း သိရပါသည်။

Photo Credit to khao Ai Luu Tuue-

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...