သျှမ်းပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး၏ ကားဘီးအတွင်း စိတ်ကြွဆေးပြားများတွေ့ရှိ

သျှမ်းပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး၏ ကားဘီးအတွင်း စိတ်ကြွဆေးပြားများတွေ့ရှိ
Photo Credit to DVB
Photo Credit to DVB

သျှမ်းပြည်နယ် အစိုးရ အဖွဲ့ ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှု ဝန်ကြီး အသုံးပြုရန် ထုတ်ပေးသည့် မော်တော်ကားဘီးအတွင်း စိတ်ကြွဆေးပြားများ တွေ့ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ စိတ်ကြွးဆေးပြားသည် သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ် လျှပ်စစ်၊စွမ်းအင် နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ ၏ နေအိမ်မှ ယာဉ်မောင်းသည် သြဂုတ် ၂၅ ရက် နေ့လည် ပိုင်းက မော်တော်ယာဉ် အပိုဘီး(တာယာ) အားလေဖြည့်ရန် ဖြုတ်ယူစဉ် တာယာအတွင်း ရေစို၊ပျက်စီးနေသည့် စိတ်ကြွဆေးပြားများကို တွေ့ရှိခဲ့ကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူး မောင်မောင်နိုင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လွန်ခဲ့တဲ့ ၃ နှစ်က ပါလာတဲ့ ပစ္စည်းပါ။ စိတ်ကြွဆေးတွေ လည်း ရေစို ကျိုးကြေ ပြီး အမှုန့်တွေဖြစ်နေပြီ၊ ကားဘီးက လေခဏခဏ လျော့နေလို့ ဖြုတ်ပြီး ထိုးတာ။ အဲ့ဒါတွေ တွေ့လို့ဆိုပြီး အကြောင်းကြားလာတယ်” ဟု ရဲမှူး မောင်မောင်နိုင်က ဆိုသည်။

အဆိုပါ ရေစို ပျက်စီးနေသည့် စိတ်ကြွဆေးပြားများ တွေ့ရှိသည့် မော်တော်ယာဉ်မှာ ၂၀၁၆ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီးဌာန မှ သျှမ်းပြည်နယ် အစိုးရ ကို ထုတ်ပေးထားသည့် မော်တော်ယာဉ်ဖြစ်ကြောင်း ရဲမှူးမောင်မောင်နိုင် က ထပ်လောင်းရှင်းပြသည်။

“ ဘဏ္ဍာသိမ်းကားပါ။ ဘဏ္ဍာရေး ဝန်ကြီးဌာနကနေပြီးမှ သျှမ်းပြည်နယ် အစိုးရကို ပေးတာ။ သျှမ်းအစိုးရ ကနေပြီးတော့ လျှပ်စစ်ဝန်ကြီးကို ပေးထားတဲ့ကားပါ။ အဲ့ကားရဲ့ အပိုဘီးမှာတွေ့တာပါ။ လွန်ခဲ့တဲ့ ၃နှစ်က ဘယ်တရားရုံးလဲ ဘာအမှုလဲ ဘယ်သူ့ကားလဲ ဆိုတာ စုံစမ်းနေတုန်းပါ” ဟု ရဲမှူး မောင်မောင်နိုင်က ပြောသည်။

ရေစိုပျက်စီးနေသည့် စိတ်ကြွဆေးပြား ၆ ဒသမ ၃ ကီလိုဂရမ်အလေးချိန်ရှိကြောင်းသိရသည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...