နမ့်ခမ်းမြို့နယ် လက်နက်ကြီးသံကြောင့် စျေးနှင့်ကျောင်းများပိတ်ထားရ

နမ့်ခမ်းမြို့နယ် လက်နက်ကြီးသံကြောင့် စျေးနှင့်ကျောင်းများပိတ်ထားရ

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ နယ်အတွင်း သေနတ်သံ၊ လက်နက်ကြီးပစ်ခတ် သံများကြောင့် ကျောင်းများ၊ စျေးများ အားလုံး ပိတ်လိုက်ရကြောင်း နမ့်ခမ်း ဒေသခံများ ပြောပြချက် အရ သိရသည်။

သြဂုတ်လ ၂၂ ရက် ၂၀၁၉ ယနေ့မနက် ၁၀ နာရီအချိန်ခန့်က နမ့်ခမ်းမြို့နယ် စယ်ဟိုင်းကျေးရွာ အနီးတွင် သေနတ်သံများ၊ လက်နက်ကြီး သံများ ကြားနေရကြောင်း၊ ဒေသခံများထိတ်လန့်မှု ဖြစ်ပွါးကာ ကျောင်းများ၊ စျေးဆိုင်များ ပိတ်လိုက်ရကြောင်း နမ့်ခမ်းမြို့ စယ်ဟိုင်းကျေးရွာ မှ စိုင်းမှိုင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ သေနတ်သံရော လက်နက်ကြီး သံရော ကြားနေရတယ်။ မီးခိုးတွေ တွေ့နေရတယ်။ ကျောင်းသားတွေ အိမ်ပြန်လွှတ်လိုက်ပြီ။ စျေးတွေလည်း ပိတ်ပြီး အိမ်ပြန်ကုန်ပြီ” ဟု စိုင်းမှိုင်း ကပြောသည်။

လက်ရှိ ကြားရသည့် သေနတ်သံ၊ လက်နက်ကြီး သံများကြောင့် နမ့်ခမ်းမြို့နယ် နမ့်ပန်းကျေးရွာ ဒေသခံများ စယ်ဟိုင်းသို့ ထွက်ပြေး တိမ်းရှောင်လာနေကြောင်း စိုင်းမှိုင်း က ပြောသည်။

ယမန်နေ့က မြန်မာ့ တပ်မတော်မှ စစ်ကြောင်း ၃ ကြောင်း ဖြင့် ဟိုနားကျေးရွာ ဘက်တကြောင်း၊ စခန်း သစ်ကုန်း ဘက် တကြောင်းနှင့် ကောင်းဝိုင်းဘက် တကြောင်း တက်သွားသည်ကိုတွေ့ရကြောင်း နမ့်ခမ်းဒေသခံ များ ပြောပြချက် အရ သိရသည်။

ယနေ့မနက်ပိုင်း သေနတ်သံ၊ လက်နက်ကြီးသံများ သည် နမ့်ခမ်းမြိုု့နယ် ကောင်းဝိုင်းကျေးရွာ ဘက်မှ စတင်ကြားလာရခြင်း ဖြစ်သည် ဟုလည်း နမ့်ခမ်းဒေသခံ အသက် ၃၀ ကျော် အမျိုးသား က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိ သေနတ်သံ ထွက်နေသည့် ကောင်းဝိုင်းကျေးရွာ (တအာင်း(ပလောင်) ရွာ)သည် နမ့်ခမ်းမြို့ ပေါ် နှင့် ၁၀မိုင်ခန့်သာ ဝေးကွာ သည်ဟုသိရသည်။

“ဒီနေ့ မနက် ကျနော်တို့ အဖွဲ့နဲ့ တပ်မတော်နဲ့ နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာအထက်နား မှာ တိုက်ပွဲဖြစ်ပါတယ်။ အသေးစိတ်မသိရသေးဘူး” ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်( TNLA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိတွင် ကွတ်ခိုင်မြို့နယ် အတွင်း ၂ နေရာ နှင့် နမ့်ခမ်း ကောင်းဝိုင်းကျေးရွာ အနီး ၁ နေရာတိုက်ပွဲများဖြစ်ပွါးနေပြီး ကွတ်ခိုင်မြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်နေကြောင်း ဗိုလ်မှူး တာအိုက်ကျော် က ပြောသည်။

သြဂုတ် ၁၅ရက်နေ့ မှ စတင်ကာ ညီနောင် မဟာမိတ် (၃)ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့သည် သျှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားလာရာ ယနေ့တိုင် တိုက်ပွဲ မှာ ပြင်းထန်နေပါသည်။

ထို့ပြင် သြဂုတ် ၂၀ ရက်နေ့ကလည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့ခေါင်းဆောင်များကို တရုတ်နိုင်ငံနိုင်ငံခြား ရေး ဝန်ကြီး ဌာန၏ အာရှ ရေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် က တရုတ်နိုင်ငံ ကူမင်းမြို့ တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...