အလံဖြူထောင်ထားသည့် လူမှု ကူညီရေးကား သေနတ်ပစ် ခြိမ်းခြောက်ခံရ

အလံဖြူထောင်ထားသည့် လူမှု ကူညီရေးကား သေနတ်ပစ် ခြိမ်းခြောက်ခံရ
Photo Credit to ဂရုဏာလူမှုကူညီရေးအသင်း-
Photo Credit to ဂရုဏာလူမှုကူညီရေးအသင်း-

သျှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း ဒဏ်ရာရထားသည့် တောင်သူ ၂ ဦးကိုသွားရောက် ကူညီ ခေါ်ဆောင်မည့် ဂရုဏာ လူမှုကူညီရေး (မူဆယ်) ကား လက်နက်ပစ်ခတ်ကာ ခြိမ်းခြောက်ခံရ ဟု သတင်းရရှိ သည်။

သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်း ကွတ်ခိုင် နှင် နမ့်ဖတ်ကာကြားရှိ ဖာဖိန့်ရွာ နှင့် ကုံးစုံရွာမှ တိုက်ပွဲကြောင့် ကျည်ထိမှန်ပြီး ပိတ်မိနေသည့် တောင်သူ ၂ဦးကို ကယ်ထုတ်ရန် အလံဖြူ တပ်ဆင်ပြီး သွားသည့် ဂရုဏာလူမှု ကူညီရေး အသင်း (မူဆယ်) ကားမှာ ခိုမုန်းကျေးရွာတွင် သေနတ်ပစ် ခြိမ်းခြောက်ခံရကြောင်း ဂရုဏာ လူမှုကူညီရေး အသင်း(မူဆယ်) မှ ဥက္ကဌ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်တို့ကို ဒဏ်ရာရတဲ့သူ ၂ ဦး ရွာမှာ ပိတ်မိတယ်ဆိုပြီး ဖုန်းဆက်လာလို့ သွားခေါ်မလို့ပါ။ ကားမှာလည်း အလံဖြူ ထောင်ထားပါတယ်။ သေနတ်အချက်ပေါင်း ၃၀ လောက် ပစ်ပြီး ခြိမ်းခြောက်တယ်။ လူရော ကားရောမထိဘူး။ ခြိမ်းခြောက်တာပါပဲ” ဟု ဦးသောင်းထွန်း က ဆိုသည်။

လက်နက်ထိမှန်ကာ ရွာတွင် ပိတ်မိနေသည့် အမျိုးသား၂ ဦးမှာ ခြေထောက် နှင့်လက်တို့တွင် ထိမှန်ဒဏ်ရာ ရရှိကြောင်း ၊ ယခုချိန်ထိ ကျည်မထုတ်နိုင်သေးကြောင်း၊ ဒဏ်ရာ ပြင်းထန်သည်ဟုကြားသိရကြောင်း ဦးသောင်းထွန်းက ပြောသည်။

ဂရုဏာ လူမှုကူညီရေး (မူဆယ်) ကားကို လက်နက်ပစ် ခြိမ်းခြောက်မှု လုပ်သဖြင့် မူဆယ်သို့ ပြန်လှည့်ပြန်ခဲ့ရသည် ဟုလည်းသိရသည်။

လွန်ခဲ့သည့် သြဂုတ် ၁၇ ရက်နေ့ နေ့လည် ၉ နာရီဝန်းကျင်တွင်လည်း လားရှိုး လူငယ်များ လူမှုကူညီရေးအသင်း ကားလည်း လက်နက်ကြီးထိမှန်ကာ လားရှိုးလူငယ်များ အသင်း ဥက္ကဌ ကျည်ထိမှန်သေဆုံးခဲ့ပြီး အဖွဲ့ဝင် ၃ဦး ဒဏ်ရာရရှိခဲ့သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...