လွိုင်လင်မြို့နယ် တွင် ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လွိုင်လင်မြို့နယ် တွင် ငွေကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

သျှမ်းပြည် တောင်ပိုင်း ခရိုင်ရုံးစိုက်ရာ လွိုင်လင်မြို့နယ်အတွင်း ကျပ်သိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ကြောင်း သတင်းရရှိသည်။

သြဂုတ် ၁၆ ရက် နေ့လည် ၁၁ နာရီက လွိုင်လင်မြို့ မှ တောင်ကြီး သို့ အသွားလမ်းရှိ ဟိုတင့် ကျေးရွာ အနီးတွင် ယာဉ်မောင်း အသက် ၄၅ နှစ် အရွယ် စိုင်းအောင်နိုင်နှင့် အသက် ၃၇နှစ် ယာဉ်နောက်လိုက် နော်ဂျာ တို့ မောင်းလာသည် ISUZU ပစ်ကပ်ကားကို မသင်္ကာ သဖြင့် စစ်ဆေးရာ ငွေကျပ် သိန်းပေါင်း ၁၂၅၂၅၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ကို သိမ်းဆည်း ရမိကြောင်း မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ISUZU အမျိုးအစား မော်တော်ယာဉ်ကို အသေးစိတ်စစ်ဆေးရာ ယာဉ်နောက်ခန်းကြမ်းခင်း အံဝှက်အတွင်းမှ ICE အလေးချိန် ၅၀၁ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၂၅၂၅၀ သိန်း)၊ မြန်မာငွေ ၄ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လွိုင်လင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်း ဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် တွင် ရေးသားထား သည်။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...