မူဆယ်မြေပြို အိမ် ၁၀ လုံးကျော် ပျက်စီး လူသူသေကြေထိခိုက်မှုမရှိ

မူဆယ်မြေပြို အိမ် ၁၀ လုံးကျော် ပျက်စီး လူသူသေကြေထိခိုက်မှုမရှိ

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင် ယခုရက်ပိုင်း မိုးများ ဆက်တိုက် ရွာသွန်းမှုကြောင့် ခရစ်ယာန်ရပ်ကွက်နှင့် ကောင်းနောင်ရပ်ကွက် နေအိမ် ၁၀ လုံးကျော်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ သည်။

ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့် တောင်စောင်းတွင် နေထိုင်သည့် ခရစ်ယာန်ရပ်ကွက်နေအိမ် ၁၃လုံး နှင့် ကောင်းနောင်ရပ်ကွက်တွင်နေအိမ် တလုံး သြဂုတ်လ ၁၅ ရက်နေ့က မြေပြိုမှု ဒဏ်ခံရသည်ဟု မူဆယ်မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ခရစ်ယာန်ရပ်ကွက် နဲ့ ကောင်းနောင်ရပ်ကွက် ၂ ရပ်ကွက် ဖြစ်တာပါ။ ခရစ်ယာန် က ၁၃ အိမ်ပျက်စီးတယ်။ ကောင်းနောင် က ၁ အိမ်တည်းပါပဲ။ လူထိခိုက်မှုတော့မရှိပါဘူး ” ဟု စိုင်းကျော်သိန်း က ဆိုသည်။

သြဂုတ် ၁၃ ရက်နေ့ တွင် မြေသား အက်ကွဲမှုကြောင့် မြေပြိုမည်ကိုစိုးရိမ်ရကြောင်း ခရစ်ယာန်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး မှ လာရောက် အကြောင်းကြား သဖြင့် ထိခိုက်နိုင်သည့် အိမ်ခြေများကို ကြိုတင်တိမ်းရှောင် ထားနိုင်ခဲ့သဖြင့် လူသူထိခိုက်မှုတော့ မရှိခဲ့ကြောင်း စိုင်းကျော်သိန်းက ပြောသည်။

မြေပြိုမှုကြောင့် ခရစ်ယာန်ရပ်ကွက်တွင် အိမ်ထောင်စု ၁၃ စု လူဦးရေ ၆၀ ဦးတို့၏ အိမ်ခြေ ၁၀ အိမ်ကောင်းနောင်ရပ်ကွက်တွင် အိမ်ခြေ ၁ အိမ် ပျက်စီးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“ အိမ်ပြိုသွားတဲ့သူတွေကတော့ တချို့ က သူတို့ အမျိုးတွေ အိမ်၊ တချို့ က အိမ်ငှားနေကြတယ်။ မိုးစဲရင်တော့ မြေပိထားတဲ့သူတို့အိမ် ပြန်သွားကူဆယ်ပေးဖို့စီစဉ်ထားပါတယ်” ဟု စိုင်းကျော်သိန်း က ထပ်လောင်းပြောကြားသည်။

ရက်ဆက် မိုးရွာသွန်းမှုကြောင့် မြေသားများပျော့ကာ ခရစ်ယာန်ရပ်ကွက် အပေါ်ဘက် နေထိုင်သည့် နေအိမ်တချို့ မှ မီးဖိုခန်း၊ အိပ်ခန်း နှင့် အိမ်သာ များ ပြိုကျခြင်း ကြောင့် တောင်အောက်ဘက်တွင် နေထိုင်သည့် လူနေအိမ် တချို့ ပျက်စီး ခဲ့သည်။

မြေပြိုမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိရသေးပေ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...