သီပေါမြို့နယ် အတွင်း နွားကားတစီး ပစ်ခံရ တဦးသေ၊ တဦး ပြင်းထန် ဒဏ်ရာရ

သီပေါမြို့နယ် အတွင်း နွားကားတစီး ပစ်ခံရ တဦးသေ၊ တဦး ပြင်းထန် ဒဏ်ရာရ

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း နွားတင်လာသည့် ၁၂ ဘီးကား ထပ်မံ ပစ်ခတ်ခံရကာ တဦးသေဆုံးပြီး တဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၁၂ ရက် မွန်းတည့်ချိန်သီပေါမြို့နယ် စံလောင်းကျေးရွာ နှင့် ကုံးမုံရွာကြား နွားများ တင်ဆောင်လာသည့် ၁၂ ဘီးကားအား အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ မှ ပစ်ခတ်ခဲ့ပြီး ယာဉ်နောက်လိုက် တဦး သေဆုံးကာ၊ ကားသမား ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သီပေါမြို့ နယ်စည်းမခြား ပရဟိတ အဖွဲ့ မှ ကိုမျိုး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့နေ့လည် က အကြောင်းကြားတော့ တယောက် က သေနေပြီ၊ နောက် တယောက်ကလည်း ရင်ဘတ်တည့်တည့် သေနတ်ထိမှန် ထားတော့ ဒဏ်ရာပြင်းတယ်။ စိုးရိမ် ရတယ်။ အခု လားရှိုး ပြည်သူ့ဆေးရုံပို့လိုက်တယ်” ဟု ကိုမျိုး ကပြောသည်။

တရုတ်ပြည်သို့ပို့ရန် နွားများတင်လာသည့် ကားများကို မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမှ ပစ်ခတ်သည် ကို စုံစမ်းနေကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့ မှ တာဝန်ကျသည့်ရဲတဦး ကပြောသည်။

သီပေါမြို့နယ် နှင့် ကျောက်မဲမြို့နယ် အတွင်း တရုတ်ပြည်သို့တင်ပို့မည့် နွားကားများ မကြာခဏ ချောင်းမြောင်းပစ်ခံရပြီး၊ မည်သည့် အဖွဲ့ က ပစ်ခတ်သည်ကို တကြိမ်တခါမျှ မဖော်ထုတ်နိုင်ခဲ့ကြောင်း သီပေါမြို့နယ် စိုင်းလုံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ နွားတွေ တင်တဲ့ကားကို မျှ ပစ်ခံရ၊ ကားသမားတွေ ယာဉ်နောက်လိုက်တွေ ခဏ ခဏ သေကြ၊ ဒဏ်ရာရကြတယ်။ ဘယ်သူပဲ ပစ်ပစ် ကိုယ်ချင်းစားဖို့ သင့်တယ်။ ကားသမားတွေ ယာဉ်နောက်လိုက်တွေကလည်း ဝမ်းရေး အတွက် အလုပ်လုပ်နေကြတာ” ဟု စိုင်းလုံ က ပြောသည်။

တရုတ်ပြည် တင်ပို့မည့် နွားကားများ သေနတ်ပစ်ခတ်ခံရသည့် အတွက် နွား တင်ပို့ခြင်းကို ရှောင်သင့်ကြောင်း၊ လက်နက်ကိုင်များအနေဖြင့်လည်းကားသမားများ ဘဝကို ကိုယ်စားချင်သင့်ကြောင်း စိုင်းလုံ က ထောက်ပြ ပြောသည်။

ယခုနှစ် ဇူလိုင် ၂၇ ရက် ည ၁၀နာရီခန့်တွင်လည်း ကျောက်မဲမြို့နယ် ပင်တန်ကျေးရွာ အထက်ရဲရွာ ရေအားလျှပ်စပ် လမ်းခွဲတွင်လည်း နွားများ တင်ဆောင်လာသည့် ကားပစ်ခတ်ခံရကာ ယာဉ်မောင်း တဦး သေဆုံခဲ့ပြီး၊ ယာဉ်နောက်လိုက် ၂ဦး ဒဏ်ရာ ရခဲ့သည်။

ထို့ပြင် မေ ၁ ရက်နေ့တွင်လည်း နွားများတင်လာသည့် ကား တစီးပစ်ခတ်ခံရပြီး ယာဉ်မောင်း တဦးသေဆုံးခဲ့သည်

သျှမ်းပြည်နယ် မြောက်ပိုင်း တွင် နွားများ သယ်ဆောင် သည့် ကားများ မကြာခဏ ပစ်ခတ်ခံရပြီး ယာဉ်မောင်းများ သေဆုံးမှု များရှိကာ မည့်သည့် အဖွဲ့အစည်း မှပစ်ခတ် သည်ကို မသိရှိရပေ။

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...