မုံးကို ခရစ်ယာန် သင်းအုပ်ဆရာ နေအိမ် မီးရှို့ ခံရ

မုံးကို ခရစ်ယာန် သင်းအုပ်ဆရာ နေအိမ် မီးရှို့ ခံရ
by -
ကေအဲန်ဂျီ
တိုက်ပွဲများ ငြိမ်သက်နေပြီဖြစ်သော မုံးကိုမြို့ရှိ ကချင်ခရစ်ယာန် သင်းအုပ်ဆရာ တပါး၏ နေအိမ်ကို  ဒီဇင်ဘာလ ၁၃ ရက်နံနက် အမည်မသိလူတစ်ချို့၏ မီးရှို့ခံရသော်လည်း အချိန်မှီ ပြန်လည် ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

နံနက် ၄ နာရီ အချိန် မုံးကို ရပ်ကွက် ၂ ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်၏ ဆရာ ဝဂျေဘရန်အောင် (Rev. Waje Brang Awng) ၏ နေအိမ်ကို အမည်မသိ ရသေးသော သူများ မီးလာရှို့သွားကြောင်း သင်းအုပ်ဆရာကိုယ်တိုင် အောက်ပါအတိုင်း ပြောပြသည်။

“ကျနော်တို့အိမ်က လမ်းဘေး နိမ့့်နိမ့်လေးဆိုတော့ အိမ်နောက် ကနေ ဓါတ်ဆီ (Pepsi ဘူး) ၃ ဘူးနဲ့ ဝါးခြမ်းတုတ်မှာ အဝတ်ပတ်မီးညှိ့ကပ်ပြီးမှ နောက်တစ်ခု ဓါတ်ဆီဘူးမှာ အဝတ်ထည့် မီးလောင်ပြီး အိမ်အမိုး သွပ်ပြားပေါ်ကို လာရှို့တာ။ အဲဒါနဲ့ မီးထလောင်လာတော့ ကျနော်တို့ မိသားစု အားလုံး ပြန် ငြိမ်းသတ်နိုင်ခဲ့တယ်။ ဘေးနားက အိမ်တွေလည်း လာကူတာရှိတယ်။” ဟုဆိုသည်။

ယနေ့ နံနက်မှာပင် လူမရှိသည့် အိမ်နီးချင်း တရုတ်အိမ်မှ  မွေးထားသော ဝက် ၃ ကောင်အနက် ၂ ကောင် ကိုလည်း ထိုးသတ် ယူဆောင်သွားသည်ဟု ပြောပါသည်။

အကျိုးကြောင်းကို နံနက်ပိုင်းတွင် တပ်မတော်မှ ဗိုလ်မှုး တစ်ဦးအပါအဝင် ရပ်ကွက် အုပ်ချုပ်ရေးမှုးများမှ လာရောက် ကြည့်ရှု့ မှတ်တမ်းတင်လာ ခဲ့ကြောင်း သိရသည်။

သတင်းအုပ် ဆရာ ဘရန်အောင် တို့ မိသားစုဝင် ၉ ဦးသည် လွန်ခဲ့သည့် စနေနေ့မှ စပြီး မုံးကိုမြို့တွင် ပြန်လည် ဝင်ရောက်နေထိုင် ခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲအပြီး တစ်ဖက် မန်ဟိုင်း တရုတ်အာဏာပိုင်များမှ မိုးကိုမြို့ဘက် ပြန်လာနိုင်ကြောင်း ခွင့်ပြုပေးပြီးနောက် ဒီဇင်ဘာ ၁၀ မှ ဒေသခံအချို့ မိမိ အိမ်ကို ပြန်လာနေပြီ ဖြစ်သည်။ သို့သော်လည်း အများစုမှာ နေ့ပြန်လာပြီး ည မန်ဟိုင်းဘက်ကို ပြန်သွား အိပ်ကြောင်း သိရသည်။

ထို့အပြင် မြို့ပြင်ဘက်ရှိ ပြည်သူ့ နေအိမ်များအတွင်း မြန်မာစစ်သားများ အဖွဲ့လိုက် ဝင်လာပြီး အခြေအနေကို ပုံမှန် လာရောက် အကဲခတ်မှုများ ရှိနေသည်ဟု ပြန်လည် ဝင်ရောက်နေထိုင်သူ ဒေသခံ တစ်ဦး က ဆိုပါသည်။

ဒီဇင်ဘာ ၃ ရက်ည Northern Alliance-Burma မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုများ ထွက်ခွာသွားပြီးနောက် မုံးကို မြို့ကို မြန်မာစစ် တပ်မှ ပြန်လည် ထိန်းချုပ် နိုင်ခဲ့ပြီး လက်ရှိ မြို့ကို လုံခြံုရေး အပြည့်ယူထားကြောင်း သိရပါသည်။

January 17, 2026
မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ဆန့်ကျင်မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ရပ်နားထားတဲ့...
January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...