မြန်မာ စစ်တပ်မှ မန်လွန် ရွာသားများကို အတင်း မောင်းထုတ် နေ

မြန်မာ စစ်တပ်မှ မန်လွန် ရွာသားများကို အတင်း မောင်းထုတ် နေ
by -
ကေအဲန်ဂျီ
ရှမ်းမြောက် ကွတ်ခိုင်မြို့အနီး မန်လွန် ရွာသားများကို  ၂ ရက်အတွင်း ရွာမှ ထွက်ခွာရန် မြန်မာစစ်တပ်မှ ခြိမ်းခြောက် နှင်ထုတ်နေသဖြင့် ဒေသခံများ ဒုက္ခရောက်နေကြောင်း သိရသည်။

ကွတ်ခိုင်မြို့မှ ၈ မိုင်အကွာခန့် ကောင်းလိမ် ကျေးရွာအုပ်စုရှိ မန်လွန်ရွာသားများကို ဒီဇင်ဘာ ၁၈ ရက်နေ့ အစိုးရ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရမခ လက်အောက်ခံ ကွတ်ခိုင် အခြေစိုက် တပ်ရင်း ၄၅ အဖွဲ့က ၂ ရက်အတွင်း ပြောင်းရွေ့ပေးရမည်ဟု ဆိုကြောင်း ဒေသခံ ဆရာ ဂွန်းမိုင်က ပြောပါသည်။

“စနေညကတော့ ရွာသားတွေကို ဘုရားကျောင်းမှာ စုထားပြီး တစ်ညလုံး ဒီအတိုင်းပဲ ကုန်သွားတယ်။ မနေ့က (တနင်္ဂနွေ) ကျတော့ ရွာသားတွေကို ဘောလုံးယန် ဘောလီဘော ကစားတဲ့နေရာမှာ ပြန်ခေါ်ထားပြီး မေးစရာရှိတာမေး ပြောစရာရှိတာပြော အဲလို ဖြစ်ကြတယ်။”ဟုဆိုသည်။

ယခု အစိုးရတပ်သည် စနေနေ့မှာ ညောင်ရွှေ နှင့် ၅ မိုင်ကွေ့ကြားမှာ တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်လာသော တပ်ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

နေရပ်မပြောင်းဘဲ ကျန်ရှိနေသူများကို ‘ပေါ်တာ အဖြစ်’ ရှေ့တန်းနေရာ မုံးကို စသည်ဘက်ကို ခေါ်သွားမည်ဟု အစိုးရတပ်ဘက်က ခြိမ်းခြောက်ထားကြောင်း ဒေသခံ တစ်ဦးက ထပ်မံ ပြောလာပါသည်။

ရွာသားများသည် မိမိနေရပ်ကို သူတစ်ပါး လက်ထဲ စွန့်ပြီး မထားခဲ့ချင်ကြောင်း နှင့် မိမိတို့ လယ်ယာမြေများမှာ ပြန်လည် လုပ်ကိုင်စားသောက်လိုသောကြောင့် စိုးရိမ်မှုများ ရှိနေသည်ဟု ဆရာ ဂွန်းမိုင်က ပြောသည်။

တပ်မတော်နှင့် တရားသောစစ်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲကို ဒီဇင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး နောက်တစ်နေတွင် မန်လွန်ရွာသားများကို ရွာမှနှင်ထုတ်နေခဲ့ခြင်းဖြစ်သည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...