ဖောင်းဆိုင်ဒေသ ရွာသား ၅ ဦး ဖမ်းဆီး ခံနေရ

ဖောင်းဆိုင်ဒေသ ရွာသား ၅ ဦး ဖမ်းဆီး ခံနေရ
by -
ကေအဲန်ဂျီ
ရှမ်းပြည်နယ် မြောက်ပိုင်း ဖောင်းဆိုင်ဒေသ ရွာသား ၅ ဦး ကို တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ဝင်အဖြစ် မသင်္ကာမှုဖြင့် မြန်မာစစ်သားများ ဖမ်းဆီးခေါ်ဆောင် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီ ခွဲ မှာ Lashap ရွာမှ ဒေသခံ ၅ ဦးကို မြန်မာစစ်တပ် တပ်မ ၁၁ အဖွဲ့ က ရိုးရာတူမီး သေနတ် နှင့်အတူ မသင်္ကာမှု၍ဆိုကာ ခေါ်ဆောင်သွားကြောင်း ဖောင်းဆိုင်မှ ဆရာ ဇိန်ဟန်လ က ကချင်သတင်းဌာန KNG ကို ယခုလို ပြောပါသည်။

“Lashap ရွာမှာရှိနေတဲ့ ရွာသား ၅ ဦးကို မနေ့က တစ်ချို့မှာ တူမီးသေနတ်၊ ဗုံးတွေ တွေ့လို့ မသင်္ကာလို့ ထင်တယ်။ ကျနော်တို့မှာ အားလုံးက တိုက်ပွဲကြောင့် ထွက်ပြေးပြီဆိုပေမယ့် အိမ်တွေမှာ တစ်ယောက်စီ တော့ အိမ်စောင့်နေကြတယ်။ အဲဒါနဲ့ သူတို့ကို မသင်္ကာလို့ ခေါ်သွားတာ ထင်တယ်”

အဆိုပါ ဖမ်းဆီးခံရသူ ၅ ဦးကို လက်ရှိ Lashap ရွာနှင့် အနည်းငယ်သာ ကွာဝေးသည့် ပလောင်ရွာတစ်ခုမှာ တပ်မတော် က ဖမ်းဆီး စစ်ဆေးနေပြီး သူတို့ ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးမှုးများနှင့် ဆွေးနွေးနေသည်ဟု အထက်ပါ ဆရာက ပြောပါသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ဖောင်းဆိုင်ဒေသရှိ ရွာသား ၁၀ ဦးခန့်ကို တပ်မတော်က ဖမ်းဆီးခဲ့သော်လည်း ရ ဦးမှာ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများအား အကြောင်းစုံ မေးမြန်းရန် ဆက်သွယ်ခဲ့လည်း မရရှိခဲ့ပေ။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...