DVB Peace Programme မှ ရခိုင်အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြပွဲ ကျင်းပ

DVB Peace Programme မှ ရခိုင်အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အာရီယာန်ခန်းမတွင် ဇူလိုင်လ ၃၁ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က DVB Peace Programme က ရခိုင်ပြည်နယ် အမျိုးသမီးများ၏ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြပွဲအား ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲနှင့် မှတ်တမ်းရုပ်ရှင်ပြပွဲအား DVB  Peace Programme က ဦးဆောင် ကျင်းပခြင်းဖြစ်ကြောင်း၊  ALP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ စောမြရာဇာလင်း၊ ANP ပါတီမှ ထိပ်ပိုင်းခေါင်းဆောင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်   ကျောင်းသား၊ သူများနှင့် စစ်ပွဲဖြစ်နေသော နေရပ်ဒေသများမှ ဒေသခံများအပါအဝင် လူစုစုပေါင်း ၁ဝဝ  ကျော်တက်ရောက်ကာ ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

“ရခိုင်ပြည်မှာ စက်ရုံ၊ အလုပ်ရုံဆိုတာမရှိဘူး။ အဲဒီစက်ရုံ၊ အလုပ်ရုံတွေ မရှိတဲ့အတွက်ကြောင့် အမျိုးသမီးတွေ ပိုပြီးတော့ ဒုက္ခရောက်ရတယ်။ အမျိုးသားတွေရောပေါ့။ ဒါပေမယ့် အခုဆွေးနွေးပွဲက အမျိုးသမီးရဲ့ အခွင့်အလမ်းအကြောင်း အဓိကထားပြီး ဆွေးနွေးတာဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ စစ်ရှောင်စခန်းတွေမှာ ရှိနေကြတဲ့ အမျိုးသမီးတွေရဲ့ ဘဝတွေ၊ တဖက်မှာလည်း ဒီရခိုင်ပြည်မှာ စစ်ဘေးစစ်ဒဏ်ခံနေရတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းဖို့အတွက်လည်း ဆွေးနွေးကြတာဖြစ်ပါတယ်။”ဟု ALP ပါတီမှ စောမြရာဇာလင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများအကြား ဖမ်းဆီး စစ်ဆေးခံရာမှ သေဆုံးသွားသူများနှင့် လက်ရှိဖမ်းဆီးစစ်ဆေးခံနေရသူများတို့၏ မိသားစုဝင်များလည်း ဆွေးနွေးပွဲတွင် ရင်ဖွင့်ပြောဆိုခဲ့ကြသည်။

၎င်းနောက် DVB  Peace Programme မှ တင်ဆက်သည့် မှတ်တမ်းရုပ်ရှင်များကိုလည်း ဆွေးနွေးပွဲသို့တက်ရောက် လာသူများအား ပြသခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းမှ စစ်ရှောင်အမျိုးသမီးများ၏ လုံခြုံရေးများနှင့် ရခိုင်ပြည်နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများမရှိသောကြောင့် အမျိုးသမီးများ ပြည်ပသို့ သွားရောက်လုပ်ကိုင်နေကြရခြင်းများ အကြောင်း ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...