သျှမ်း/မြောက် နောင်ချိုတွင် ကျပ်သိန်းပေါင်း နှစ်ထောင်နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

သျှမ်း/မြောက် နောင်ချိုတွင် ကျပ်သိန်းပေါင်း နှစ်ထောင်နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ အဝင်တွင် ကျပ်သိန်းပေါင်း နှစ်ထောင်နီးပါးတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ မှ သိရသည်။

ဇူလိုင်လ ၂၈ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်က နောင်ချိုမြို့ အဝင်၊ မူဆယ် မန္တလေးသွား ပြည်ထောင်စု လမ်းမပေါ်တွင် ကွတ်ခိုင်မြို့နယ်ဘက်မှ လာသည့် သန့်ဇင်ဦး (ခ) သားငယ် (အသက် ၃၀ နှစ် ) မောင်းနှင်လာသည့် ကားကို မူးယစ်သတင်းအရ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၄) နှင့် ပူးပေါင်း တပ်ဖွဲ့များ ရှာဖွေစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုရှာဖွေ စစ်ဆေးရာတွင် မိန်ပြိန်းကျေးရွာတွင် နေသူ ယာဉ်မောင်း မောင်သန့်ဇင်ဦး(ခ) သားငယ် နှင့် အတူ အသက် ၂၆ နှစ် ဆာအောင်(ခ) အိုက်အောင် မောင်းနှင်လာသည့် ကားအတွင်း စိတ်ကြွဆေးပြား ပေါင်း ၉ သောင်း ( ကာလ ပေါက်စျေး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၈၀၀ ၀န်းကျင်) နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

ထို့အပြင် အဆိုပါ ဆေးပြားများအား လက်ခံရယူမည့် ကျောက်ဆည်မြို့နယ် သိုတန်ကျေးရွာ အုပ်စု၊သိုတန်ကျေးရွာနေ အသက် ၂၆ နှစ် အရွယ် ကျော်နိုင် (ခ) အောင်မျိုးထက် ကိုလည်း ၂နာရီခွဲ တွင် ကျောက်ဆည် မြို့တွင် လက်ကိုင်ဖုန်း တလုံး နှင့် အတူ ဖမ်းဆီး ရမိသည်။

လက်ရှိမှာတော့ ဖမ်းဆီးရမိသူများကို နောင်ချိုမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ် စစ်ဆေး လျက်ရှိကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...