ဘီးလင်းမြို့နယ်မြေနုကျွန်း ဧက ၁၄၀၀၀ ကို လယ်ယာမဲ့များအား တန်းစီစနစ်ဖြင့် လုပ်ပိုင်ခွင့်ပေးမည်

ဘီးလင်းမြို့နယ်မြေနုကျွန်း ဧက ၁၄၀၀၀ ကို လယ်ယာမဲ့များအား တန်းစီစနစ်ဖြင့် လုပ်ပိုင်ခွင့်ပေးမည်
by -
မွန်သတင်းအေဂျင်စီ
မြေနုကျွန်းတစ်နေရာ(Internet)
မြေနုကျွန်းတစ်နေရာ(Internet)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပေါ်ထွန်းလာသော မြေနုကျွန်း ဧက ၁၄၀၀၀ ကို လယ်ယာမဲ့များအား တန်းစီစနစ်ဖြင့် လုပ်ပိုင်ခွင့် ပေးသွားမည်ဟု မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

မြေနုကျွန်းပေါ်တွင် လယ်ယာမြေ လုပ်ပိုင်ခွင့် ချပေးနိုင်ရန်အတွက် လယ်ယာမဲ့သူများစာရင်း ကောက်ယူစိစစ်ထားပြီး မြေနုကျွန်း အနီးရှိ ကျေးရွာများမှ လယ်ယာမဲ့များကို ခွဲဝေချပေးသွားမည်ဟု မွန်ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

“မြေနုကျွန်းပေါ်မှာ လယ်ယာမြေ လုပ်ပိုင်ခွင့် ချထားပေးဖို့ လယ်ယာမဲ့တွေကို စာရင်းကောက်ယူပြီး စိစစ်ထားတယ်၊ မြေတိုင်းတာပြီးရင် လယ်မဲ့ယာမဲ့ တန်းစီ ဇယားပြုစု ပြီးရင် မြေနုကျွန်းနဲ့ အနီးကပ်ဆုံး ကျေးရွာတွေကို ခွဲဝေချသွားပေးမှာ ဖြစ်တယ်” ဟု ၄င်းက ပြောသည်။

ပေါ်ထွန်းလာသည့် မြေနုကျွန်းများမှာ ဘီးလင်းမြို့နယ် အရက်သည်မကျေးရွာအုပ်စုတွင် ဧက ၁၅၀၀၊ ပေါက်တောကျေးရွာအုပ်စုတွင် ဧက ၈၀၀၊ ၀င်းကကျေးရွာအုပ်စုတွင် ဧက ၁၇၀၀၊ တောင်ကြီးကျေးရွာအုပ်စုတွင် ဧက ၅၀၀၀၊ ဇုက္ကလိကျေးရွာအုပ်စုတွင် ဧက ၅၀၀၀ စုစုပေါင်း ဧက ၁၄၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

ပထမဦးဆုံးအနေဖြင့် အရက်သည်မကျေးရွာအုပ်စု၊ ၀င်းကကျေးရွာအုပ်စု၊ တောင်ကြီးကျေးရွာအုပ်စုရှိ မြေနုကျွန်း ဧက ၅၈၀၀ ကို လယ်ယာမဲ့ ၂၄၁  ဦးအား တန်းစီစနစ်ဖြင့် ချထားပေးနိုင်ရန် သထုံခရိုင် လယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း ကျန်ရှိနေသည့် ကျေးရွာအုပ်စုများကိုလည်း လယ်ယာမဲ့ အရေးအတွက် စာရင်းပြုစုတင်ပြရန် သက်ဆိုင်ရာ ကျေးရွာအုပ်စုများသို့ အကြောင်းကြားထားကြောင်း ဦးထွန်းဌေးက ဆက်ပြောသည်။

အဆိုပါ မြေနုကျွန်းနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားသည်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္တအကြိမ်ပုံမှန်အစည်းအဝေးကျင်းပခဲ့စဉ်က ဘီးလင်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ဒေါက်တာ ခင်နိုင်ဦးက မေးခွန်းအဖြစ် မေးမြန်းထားမှုရှိခဲ့သည်။

ပြည်နယ်အစိုးရအနေဖြင့် ယင်းမြေနုကျွန်းများကို မြေနေရာ စီစစ် သတ်မှတ်ခြင်း၊ လုပ်ပိုင်ခွင့် ချပေးမည့် တောင်သူများအား သတ်မှတ်ထားသော စည်းကမ်းချက်နှင့် အညီ စီစစ်ရွေးချယ်ပြီးစီးပါက လုပ်ပိုင်ခွင့် ချထားပေးမည်ဟု ဖြေကြားထားခဲ့သည်။

Most read this week

မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...