ကျောက်မဲမြို့ နယ်အတွင်း နွားကား ပစ်ခတ်ခံရ ယာဉ်မောင်းသေ နောက်လိုက်ဒဏ်ရာရ

ကျောက်မဲမြို့ နယ်အတွင်း နွားကား ပစ်ခတ်ခံရ ယာဉ်မောင်းသေ နောက်လိုက်ဒဏ်ရာရ
 Photo Credit to Eleven
Photo Credit to Eleven

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် အထက်ရဲရွာ ရေအားလျှပ်စစ် လမ်းခွဲတွင် နွားများတင်ဆောင်လာသည့် ကားတစီး သေနတ်ပစ်ခံရပြီး ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၂၇ ရက် ည ၁၀ နာရီခန့်က ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာ၊ အထက်ရဲရွာ ရေအားလျှပ်စစ် လမ်းခွဲတွင် ပုလဲထူးသစ်ကုမ္ပဏီ(စစ်ကိုင်း) မှ နွားများ တင်ဆောင်လာသည့် မော်တော်ယာဉ် ၅ စီးကိို အမည်မသိ လက်နက်ကိုင် အဖွဲ့ မှ ပစ်ခတ်ရာ ယာဉ်မောင်း တဦးသေဆုံးခဲ့ပြီး၊ ယာဉ်နောက်လိုက် ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းမှ အတွင်းရေးမှူး ဦးနေအောင် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ကျနော်တို့ ပစ်ခံရတဲ့နေရာ ရောက်တော့ သေဆုံးနေတဲ့ ယာဉ်မောင်းတဦးပဲ တွေ့ရတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို ကျောက်မဲဆေးရုံပို့ပေးလိုက်တယ် ။ ကျန် ဒဏ်ရာ ရတဲ့သူ ၂ယောက်ကိုတော့ လမ်းကြုံကားနဲ့ ကျောက်မဲ ဆေးရုံကို ပို့လိုက်တယ် ” ဟု ဦးနေအောင် ကဆိုသည်။

လက်ရှိ မှာ သေဆုံးသူ ယာဉ်မောင်း၏ ရုပ်အလောင်း နှင့် ဒဏ်ရာရ ယာဉ်နောက်လိုက် ၂ ဦးကို ကျောက်မဲပြည်သူ့ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ပစ်ခံရသည့် နွားတင် ကားသည် ပုလဲထူးသစ်ကုမ္ပဏီ(စစ်ကိုင်း) မှ ကားဖြစ်ပြီး တရားဝင် စာရွက်စာတမ်းဖြင့် တရုတ်နိုင်ငံသို့ နွားများတင်ပို့မည့် ကား များဖြစ်ကြောင်း သိရသည်။

ယခုနှစ် မေ ၁ ရက်နေ့တွင်လည်း နွားများတင်ဆောင်သည့် ၁၂ ဘီး ကားဖြစ်သည့် ကေခိုင်ကျော် ကုမ္ပဏီ မှ ကားသည်လည်း အမည်မသိ အဖွဲ့မှ ပစ်ခတ်သဖြင့် ယာဉ်မောင်းတဦး သေဆုံးခဲ့ရသည်။

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် နွားများသယ်ဆောင်သည့် ကားများ မကြာခဏ ပစ်ခတ်ခံရပြီး၊ ယာဉ်မောင်းများ သေဆုံးမှုများရှိကာ မည်သည့် အဖွဲ့အစည်းမှ ပစ်ခတ်သည်ကိုလည်း မသိရှိရပေ

May 23, 2026
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့...
May 23, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ...
May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...