ကျောက်တော် ၃၇၅ တပ်ရင်းမှ ၂ရက်တာလက်နက်ကြီးလေ့ကျင့်ပစ်ခတ်မည်ဟုဆို

ကျောက်တော် ၃၇၅ တပ်ရင်းမှ ၂ရက်တာလက်နက်ကြီးလေ့ကျင့်ပစ်ခတ်မည်ဟုဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အခြေစိုက် ၃၇၅ တပ်ရင်းမှ လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှု သင်တန်းကို ၂ ရက်တာ ပြုလုပ်သွားမည်ဖြစ်ကြောင်း အနီးအနားရှိ ရွာသားများကို အကြောင်းထားသည်ဟု သတင်းရရှိသည်။

ဇူလိုင်လ ၂၇ ရက်နေ့ မှ ၂၈ရက်နေ့အထိ ၂ရက်တာ လက်နက်ကြီးပစ်လေ့ကျင့်ရေး သင်တန်း ပြုမည်ဖြစ်သည့်အတွက် ၃၇၅ တပ်ရင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူးများအား ခေါ်ယူပြီး ပြောဆို ထားသည်ဟု ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဟန်မောင်ကြိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူတို့လက်နက်ကြီးပစ်ပြီးလေ့ကျင့်မှာ ၃၇၅ တပ်ရင်းကနေ တောင်ဘက် ၂ မိုင်ခန့်သွားမယ်လို့ ပြောပါတယ်။ စနေ၊ တနင်္ဂနွေ ၂ရက်ဆက်တိုက်လေ့ကျင့်မယ်လို့ ပြောပါတယ်။ ဘယ်အချိန် စမယ်ဆိုတာကို မပြောပါဘူး။ အနီးအနားမှာရှိတဲ့ ကျေးရွာက အုပ်ချုပ်ရေးမှူးတွေကို ခေါ်ပြီးပြောတာပါ ” ဟု လမ်းမတော် အုပ်ချုပ်ရေးမှူး ဦးဟန်မောင်ကြိုင်က ပြောသည်။

လက်နက်ကြီးလေ့ကျင့်မည့် ဧရိယာအတွင်း ဝက်မှိုင်း၊ ကျောက်တန်း၊ သဝင်ကိုင်း၊ လမ်းမတော်၊ ချက်တော်တောင်အထိ ပါဝင်ကြောင်း၊ ထိုသို့ လက်နက်ကြီးပစ်ခတ် လေ့ကျင့်မည့် အနီးအနားတွင် လယ်သမားများရှိနေ၍ ၄င်းလယ်သမားများအား ရှောင်ခိုင်းထားရကြောင်း ဦးဟန်မောင်ကြိုင်က ပြောသည်။

ဆက်လက်ပြီး ကျောက်တော်မြို့နယ်တွင် တာဝန်ထမ်းကျနေသည့် မူလတန်းပြ ဆရာမ တစ်ဦးကလည်း “လက်နက်ကြီး အစမ်းလေ့ကျင့်မယ်လို့ ဒီမှာလည်း ကြားနေရပါတယ်။ ဒါကြောင့် ကျမတို့ ကိုယ့်ရွာကိုပဲ ပြန်ရမလား၊ တာဝန်ကျနေတဲ့ရွာမှာပဲ ဆက်နေရမလား စိုးရိမ်နေမိပါတယ်။ ရွာထဲမှာတော့ စုပြီးနေကြဖို့ ပြောနေကြပါတယ်။ မိသားစုကတော့ ရွာကိုပြန်လာဆိုပြီး မှာနေပါတယ်။ ဒါပေမယ့် ဘုတ်တွေကလည်း ထွက်မယ်/မထွက် မသေချာသေးဘူး။”ဟု ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ဟုတ်/ မဟုတ် အမှန်ကိုသိလို၍ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပထမတန်းစစ်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးအား ဆက်သွယ်မေးမြန်းခဲ့ရာ ထိုသတင်းမှာ မဟုတ်မမှတ်ဝါဒဖြန့်ခြင်းသာဖြစ်မည်ဟု ဖြေကြားသည်။

“မဟုတ်ပါဘူး၊ အဲဒါမဟုတ်ပါဘူးခင်းဗျာ။ အဲ့ဒါတော့ တမင်ဝါဒဖြန့်တာပါ။ ကျနော်တို့ကအဲ့လို လုပ်တာမရှိဘူး။ အဲ့ဒါက တမင်တပ်မတော်အပေါ်ကို ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တာ” ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြန်လည် ဖြေကြားသွားသည်။

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကလည်း ကျေးရွာသား အချို့က ထိုသို့ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မည့် အကြောင်းကို ၄င်းထံသို့ ဆက်သွယ် ပြောကြားလာခြင်းများရှိသော်လည်း အသေးစိတ်ကို မသိရသေးဟု ဆိုသည်။

ထိုသို့ လက်နက်ကြီး လေ့ကျင့် ပစ်ခတ်ရာတွင် ရပ်ရွာများအတွင်း လွဲမှားကျလာမည်ကို စိုးရိမ်နေကြသည်ဟုလည်း ဒေသခံများကပြောသည်။

Most read this week

ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...