Published
Monday, July 22, 2019
မြန်မာဘာသာ အစီအစဉ် (ဇူလိုင်လ ၂၂၊ ၂၀၁၉)
ငြိမ်းချမ်းရေး ညှိုနှိုင်းမှုမှာ တပ်သိမ်းမြေနဲ့ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အနေနဲ့ အစိုးရနဲ့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ထည့်သွင်းဆွေးနွေးသွားခဲ့ကြပါတယ်။
မွန်ပြည်နယ်မှာတော့ ဈေးအသစ်ပြန်လည်တည်ဆောက်တာကို ဈေးသူ၊ ဈေးသား တွေနဲ့ ညှိနှိုင်းသဘောတူတာမရှိဘဲ ဈေးဟောင်းကိုဖျက်သိမ်းပြီး အမြန်ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ကိစ္စဟာ ဈေးသူ၊ ဈေးသားတွေအတွက် အခက်အခဲရှိနေပါတယ်။
ကရင်ပြည်နယ်မှာတော့ အခြေခံပညာကျောင်းတွေမှာ စကောကရင်စာသင်ကြားတဲ့ ဆရာ၊ ဆရာမ မလုံလောက်တဲ့အတွက် အယောက် ၆၀ ခန့်ထားပေးဖို့ ထပ်တိုးလျှောက်ထားပါတယ်။






