Published
Monday, July 22, 2019
ရခိုင်ဘာသာ အစီအစဉ် (ဇူလိုင်လ ၂၁၊ ၂၀၁၉)
မြောက်ဦးမြို့ နန်းရာကုန်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့တဲ့အတွက် ဒေသခံတွေ စိုးရိမ်မှုမြင့်တက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၃ ခုမှာ ရေဘေးသင့်ခဲ့တဲ့သူတွေကို အစိုးရက အကူအညီပေးမှုတွေအားနည်းတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။
စစ်တွေမြို့မှာ စရဖတပ်ဖွဲ့ဝင်တစ်ယောက် လုပ်ကြံခံရမှုကြောင့် တရားစွဲခံနေရတဲ့ ရခိုင်လူငယ် ၄ ယောက်ထဲက ၃ ယောက်ဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာ လွတ်မြောက်လာခဲ့ပါတယ်။






