Published
Monday, July 15, 2019
မြန်မာဘာသာ အစီအစဉ် (ဇူလိုင်လ ၁၅၊ ၂၀၁၉)
UWSA “ဝ” အဖွဲ့နဲ့ NDAA မိုင်းလားအဖွဲ့တို့ဟာ နှစ် ၃၀ တိုင် ပစ်ခတ်တိုက် ခိုက်မှုမရှိဘဲ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်နေပြီဖြစ် ပါတယ်။ ဒီအပေါ် တခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကေ ခေါင်းဆောင် တွေက ဘယ်လိုသုံးသပ်ထားကြပါသလဲ။
ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေ မိမိဆန္ဒအလျောက်နေရပ်ပြန်ရေး စတုတ္ထအကြိမ်အစီအစဉ်အရ ဇူလိုင်လ ၃ ရက်နေ့မှာ ဒုက္ခသည် ၂၇၆ ဦး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာကြပါတယ်။
ရခိုင်ပြည်နယ်မှာတော့ စစ်ကြောရေးကြောင့် သေဆုံးသွားရသူတွေအတွက် တရားမျှတမှုတောင်းဆိုခဲ့တဲ့လူငယ်တွေကို အမှုဖွင့်အရေးယူသွားမယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။






