သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုုင်ရာ မူဝါဒ ရေးဆွဲ

သဘာဝပတ်ဝန်းကျင်နှင့် စွမ်းအင်ဆိုုင်ရာ မူဝါဒ ရေးဆွဲ
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
နိုုင်ငံရေးမူဘောင်ရေးဆွဲရာတွင် တိုုင်းရင်သားများနှင့် ကိုုက်ညီသည့် မူဝါဒများ ထည့်သွင်းရေးဆွဲ နိုုင်ရန် သဘာဝပတ်ဝန်းကျင်ဆိုုင်ရာမူဝါဒ နှင့် စွမ်းအင်ဆုုိင်ရာ မူဝါဒ များကိုု  ဒီဇင်ဘာလ ၉ ရက်နေ့က ထိုုင်းနိုု်င်ငံ ချင်းမုုိင်မြို့တွင် မူကြမ်းရေးဆွဲခဲ့ကြသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည့် ထိုုအစည်းအဝေးတွင် တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး အဖွဲ့များမှ ခေါင်းဆောင်များ၊ လူမှုအခြေပြုအဖွဲ့အစည်းများမှ ကိုုယ်စားလှယ် ခေါင်းဆောင်များ အပါအဝင် တိုုင်းရင်းသား နိုုင်ငံရေး ပါတီများမှ ခေါင်းဆောင်ကိုုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

ယင်းမူဝါဒ ရေးဆွဲနေခြင်းသည် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုု တည်ဆောက်ရာတွင် တိုုင်းရင်း သား ဒေသများနှင့် ကိုုက်ညီသည့်မူဝါဒတစ်ခုု ရရှိစေရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဟုု တိုုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စုု မြန်မာနိုုင်ငံ) ENAC အဖွဲ့မှ စီမံကိန်း တာဝန်ခံ ကိုယောထုုန် မှ ပြောသည်။

စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်တွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်တယ် မြေသိမ်းတယ် ရွာတွေ ဖယ်ပေးရတယ်။ တချိန်းတည်းမှာလည်း ကျန်းမာရေး Impact တွေ အကြီးကြီးတွေဖြစ် တယ်။ ကျောက်မီးသွေး စက်ရုုံတိုု့လိုုမျိုး ရေကာတာ တိုု့လိုုမျိုးတွေကြောင့် ဖယ်ပေးရတယ်။ နောက် ဒီ သဘာဝ ဘေးမဲ့ သစ်တောတွေကိုု ထိန်းသိမ်းတယ်ဆိုုပြီးတော့ အဲ့မှာရှိတဲ့ရွာတွေ အကုုန်လုံုးဖယ် ခိုုင်းတာတိုု့ ဘာတိုု့တွေလုုပ်တော့ အကုုန်လုံုး အဲ့မှာ ပြဿနာတွေ တက်တာ ပေါ့လေ၊ ပြီးတော့ တချိန်းတည်းမှာပဲ သစ်ပင်စိုုက်မယ် ဘာစိုုက်မယ်ဆိုုပြီး ခေါင်းစဉ်ပေးတယ် ပြီးတော့ သစ်တောတွေ ခုုတ်ပစ်လုုိက်တယ်ပေါ့ ခုုတ်ပြီးတော့ အသစ်ပြန်စိုုက်မယ်ပေါ့ အဲ့လိုုမျိုး တွေ ဗြောင်းပြန်တွေ ဖြစ်နေတာပေါ့၊ အဲ့ဒီဟာတွေကိုု ပြန်ပြီး သုံုးသပ် ပြင်ဆင်ပြီးတော့ အကုုန်လုံုး ပြန်ပြီး တည့်မတ်သွားဖိုု့ပေါ့၊

 သုံုးရက်ကြာဆွေးနွေးညှိနှိုင်းခဲ့ကြသည့် ထိုုအစည်းအဝေးတွင် ဘေးမဲ့တောထိန်းသိမ်းရေးကိစ္စ နှင့် စွမ်းအင်အရင်းအမြစ်ကိစ္စ အပါအဝင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုုင်းနှင့် သံလွင်မြစ်ကြောင်းတစ်လျှောက်က သဘာဝပတ်ဝန်းကျင်ကိစ္စတွေကိုု ဆွေးနွေးခဲ့သည်။

ထိုု့အပြင် လက်ရှိကြံုတွေ့နေကြရသည့် ကျောက်မီးသွေးစက်ရုံုကိစ္စ၊ ရေအားလျှပ်စစ်စီမံကိန်း ကိစ္စ များနှင့် အာဆီယံဒေသတွင်း ကြံုတွေ့နေရသည့် အခြေအနေများကိုု ပညာရှင်းများနှင့်လည်း ဆွေးနွေးခဲ့သည်။

လက်ရှိတည်ဆဲ မူဝါဒတွေနဲ့ တည်ဆဲဥပဒေတွေ ကိုု သုံုးသပ်ပြင်ဆင်ပြီးတော့ အကောင်အထည်ဖော်တဲ့ဟာမှာ အားလုံုးပါ၀င်ပြီးတော့ တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ မူဝါဒတွေ ပြင်ဆင်သုံုးသပ်ပြီးတော့ အဲ့ဒီအတိုုင်း လက်တွေ့ အကောင်အထည်ဖော်သွားဖိုု့၊ နောက်တစ်ခုုက ဒီမူဝါဒ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ လာမည့် ဖက်ဒရယ် ဒီမိုုကရေစီ ပြည်ထောင်စုု သွားဖိုု့အတွက် တိုုင်းရင်းသားတွေ လိုုလားတဲ့ မူဝါဒတွေနဲ့လက်တွေ့ ဦးဆောင်ဖိုု့ အဲ့ဒီ မူဝါဒ တွေ ဦးဆောင်တဲ့အခါမှာ ဘယ်လိုုမူဝါဒမျိုး ဖြစ်သင့်လဲဆိုုတာ ၀ိုုင်းပြီးတော့ အကောင်အထည် ဖော်နေတယ်။ ဟုု ENAC အဖွဲ့မှ စီမံကိန်း တာဝန်ခံ ကိုယောထုုန် မှ ဆက်ပြောသည်။

အစည်းအဝေးအား တိုုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ပြည် ထောင်စုု မြန်မာနိုုင်ငံ) Ethnic Nationalitice Affairs Center (Union of Burma) ENAC အဖွဲ့မှ ကမကထပြုပြီး စီစဉ်ကျင်းပခဲ့ ခြင်းဖြစ်ပြီး အဖွဲ့အစည်းအသီးသီးမှ ကိုုယ်စားလှယ် ၄၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။

တိုုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ပြည် ထောင်စုု မြန်မာနိုုင်ငံ) ENAC အဖွဲ့သည် စိုုက်ပျိုး ရေး၊ ပညာရေး၊ ပြည်တွင်းနေရပ်စွန့်ခွာ တမ်းရှောင်သူများနှင့် ဒုုက္ခသည်များ၊ ကျန်းမာရေး၊ လူသား ချင်းစာနာထောက်ထားမှုအကူအညီ၊ မြေယာ၊ သဘာဝသယံဇာတ၊ အခွန်ကောက် ခံခြင်းနှင့် ကုုန်သွယ်ရေးနှင့်ရင်းနှီးမြုပ်နှံမှု စသည့် မူဝါဒ ၉ ခုု အား ဦးဆောင်ရေးဆွဲထားပြီးဖြစ်သည်ဟုု သိရသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...