တရုတ်ပြည် နယ်စပ် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ် နမ့်ခမ်းဒေသခံများပြော

တရုတ်ပြည် နယ်စပ် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ် နမ့်ခမ်းဒေသခံများပြော
Photo by Numkham Youth- နမ့်ခမ်း – တရုတ်နယ်စပ် နောင်တောင်းမြို့တွင်း လမ်းသွားလမ်းလာများအား တရုတ်ရဲများ တင်းကြပ်စစ်ဆေးမှုပြုလုပ်နေ
Photo by Numkham Youth- နမ့်ခမ်း – တရုတ်နယ်စပ် နောင်တောင်းမြို့တွင်း လမ်းသွားလမ်းလာများအား တရုတ်ရဲများ တင်းကြပ်စစ်ဆေးမှုပြုလုပ်နေ

သျှမ်းပြည်နယ် နမ့်ခမ်းမြို့ နယ်စပ်ဒေသဖြစ်သည့် တရုတ်ပြည် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ်နေသည် ဟု သတင်းရရှိသည်။

ယခု တလော တရုတ်ပြည် နောင်တောင်းဘက်တွင် မြန်မာပြည်ဘက်မှ လာသည့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း၊ တရုတ်ပြည်သို့့သွားသည့်အခါ သတိထား သွား၊ လာ ကြရန် နမ့်ခမ်းဒေသခံ စိုင်းပီးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“တရုတ်ပြည် က ရဲတွေက မြန်မာပြည်က ပြည်သူတွေ စာအုပ်အနီ ပါ၊မပါ တံဆိပ်တုံး၊ ထု၊ မထု စစ်တယ်။ တကယ်လို့ မထုရင် ဖမ်းသွားတယ်။ နောက် ဆီးတွေ စစ်တယ်။ ဖမ်းတယ်” ဟု စိုင်းပီး ကဆိုသည်။

များသောအားဖြင့် တရုတ်ရဲ မှ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးသည့် ဆီးစစ် ကိရိယာဖြင့် စစ်ဆေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ ပါက ထောင်ဒဏ် ၂ နှစ် ကျခံရကြောင်း စိုင်းပီးကပြောသည်။

နမ့်ခမ်း ဒေသခံများသည် တရုတ်ပြည် နောင်တောင်းဘက်မှ တဆင့် ရွှေလီဘက်သို့ သွားရောက် အလုပ်လုပ်ကိုင် ကြ သကဲ့သို့ တချို့ ဒေသခံများမှာ ဒေသထွက်ကုန်များ သွားရောင်းကြကြောင်း နမ့်ခမ်း ဒေသခံများက ဆိုသည်။

“ ကျနော်တို နမ့်ခမ်း ဒေသခံတွေက တရုတ်ပြည် ကို သွားလာ ဝင်၊ထွက်နေတာ ဟိုအရင် ကတည်းကပါ။ တရုတ်ရဲတွေက မထင်ရင် မထင်သလို ဖမ်းဆီးတယ်။ ဖမ်းခံရရင်တော့ ချက်ချင်း သွားရွေး၊ မရွေးရင်တော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ်ပါပဲ” ဟု နမ့်ခမ်း ဒေသခံ တဦး ဖြစ်သည့် စိုင်းအေး က ပြောသည်။

နမ့်ခမ်းဒေသခံများအနေဖြင့် တရုတ်ပြည်ဘက်သို့ သွားမည် ဆိုပါက သတိဖြင့် သွား၊လာရန် နှင့် လိုအပ်သည့် စာရွက်စာတမ်း များ၊ နိုင်ငံကူးလက်မှတ်များ ပါယူဆောင်သွားရန် လည်း စိုင်းအေး က တိုက်တွန်းလိုက်သည်။

တရုတ်ပြည် အနေဖြင့် ထိုကဲ့သို့ စစ်ဆေးရေး တင်းကြပ်မှု ပြုလုပ်ခြင်းသည် ယခင်တွင်လည်း ပြုလုပ်ကြောင်း၊ ထိုပြုလုပ်ခြင်းသည် တရုတ်ပြည်၏ လုပ်ထုံးလုပ်နည်း အတိုင်းသာဖြစ်ကြောင်းလည်း နမ့်ခမ်း ဒေသခံ စိုင်းမောဝ် က ပြောပါသည်။

တဖက်တွင်လည်း အဓိက လက်နက်ကိုင် အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရန် နှင့် တရားမဝင် ကုန်ပစ္စည်း များ ထိန်းချုပ်ရန်ဖြစ်သည်ဟုလည်း နမ့်ခမ်းမြို့မိ မြို့ဖများက ပြောဆိုနေကြသည်။

တရုတ်ပြည် ဘက် သွားမည် ဆိုပါက အဓိက စာအုပ်အနီ (သို့မဟုတ်) တခါသုံးကဒ် ပြုလုပ်ပြီး ဝင်၊ထွက်သွားလာရန်၊ တရုတ်ပြည်တွင်းသို့ ခိုးဝင်၊ခိုးထွက်မပြုလုပ်ရန် နှင့် တရုတ်ပြည်ဘက် သွားလျှင် စုံးစမ်းပြီး မှ သွားရန် စိုင်းမောဝ်က ပြောသည်။

“ တရုတ်ပြည်မှာ နေရာတိုင်း CCTV တပ်ထားတယ်။ ခိုးဝင်တဲ့နေရာ က အစ မြို့ထဲ မှာ အဆုံး အားလုံးလိုက်လို့ရတယ်။ ခိုးဝင်၊ ခိုးထွက်မလုပ်ကြပါနဲ့” ဟု စိုင်းမောဝ် က ဆိုသည်။

ယခုနှစ် ဧပြီလပိုင်း တွင်လည်း နမ့်ခမ်းမြို့နယ် တောင်သူများ တပိုင်တနိုင် ခြံထွက် သီးနှံများကို တရုတ်နိုင်ငံ နောင်တောင်းမြို့ စစ်ဆေးရေး ဂိတ်မှ တဆင့် တရားဝင် သယ်ဆောင်ခြင်း ကို ခွင့်မပြုတော့ဘဲ ပိတ်ပင်ထားသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...