မုံးကိုး ရိုမင်ကက်သလစ် ဘုရားကျောင်း ကို မြန်မာစစ်တပ်မှ ဗုံးဖောက် ဖျက်ဆီး

မုံးကိုး ရိုမင်ကက်သလစ် ဘုရားကျောင်း ကို မြန်မာစစ်တပ်မှ ဗုံးဖောက် ဖျက်ဆီး
by -
ကေအဲန်ဂျီ
တိုင်းရင်းသား တော်လှန်ရေး တပ်ပေါင်းစုနှင့် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့ရှိ ကချင် ရိုမင်ကက်သလစ် ဘုရားကျောင်းကို မြန်မာစစ်တပ်မှ ဗုံးဖောက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံများကပြောကြားသည်။

မုံးကိုးမြို့တိုက်ပွဲအတွင်း မြန်မာအစိုး စစ်သားများသည် ဘုရားကျောင်းတွင် ခိုလှုံ့ခဲ့ပြီး လက်နက်များလည်း သိုလှောင်ထားခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၎င်းတို့ စစ်ရှုံးပြီး မြို့အတွင်းမှ နောက်ဆုတ်ရမည့် အခြေနေမှာ လက်နက်များ ခိုး သိုလှောင်ထားသော ဘုရားကျောင်းကို ဗုံးဖောက် ဖျက်ဆီးခဲ့သည်။

ဒေသခံ တဦး က “အဲဒီ အစိုးရတပ်တွေက ဘုရားကျောင်းကို ဘယ်သူမှ မပစ်လောက်ဘူး ဆိုပြီးမှ လက်နက်ကျည်တွေ သွားဝှက်ထားတာ။ အဲဒါနဲ့ သူတို့လည်း မနိုင်မှန်း သိလာတော့ သူတို့ အဲဒီ ဘုရားကျောင်းကို ဖောက်ခွဲ လိုက်ကြတယ်။ ဒီဇင်ဘာ ၃ ရက်နေ့လောက်မှာ ဖြစ်မယ်” ဟု ကချင် သတင်း ဌာန KNG ကို ပြောပါသည်။

နောက်တရက် မှာ မြန်မာပြည်မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစု (Northern Alliance-Burma) တပ်များ မုံးကိုးမြို့ဆုတ်ခွာပေးစဉ် မြန်မာစစ်သားများက မုံးကိုးမြို့ရှိ ရပ်ကွက် ၁၊ ၃၊ ၄၊ ၅ နှင့် ၆ ရှိ နေအိမ်များကို မီးရှုဖျက်ဆီးခဲ့သည်။ ၎င်းနေ့ ဖျက်ဆီးခဲ့သည့် ဒေသခံပြည်သူများ၏ နေအိမ် ၁၀၀ ကျော် မည်ဟု ဒေသခံများ ဆိုပါသည်။

အစိုးရ စစ်သားများ၏ ဗုံးဖောက် ဖျက်ဆီးခံရသည့် ရိုမင်ကက်သလစ် ဘုရားကျောင်းသည် ရပ်ကွက် ၅ မှာ တည်ရှိပါသည်။

ဆက်လက်ပြီး ဒီဇင်ဘာ ၅ ရက်မှာ မုံးကိုးမြို့ပတ်ဝန်းကျင် လယ်များမှ စပါးပုံ ရှိသမျှကို အစိုးရ စစ်သားများမှ မီးရှို့ ဖျက်ဆီးခဲ့သည်။

အစောပိုင်း တိုက်ပွဲ စတင်ချိန်မှ ဒီဇင်ဘာ ၃ ရက်နေ့ထိ တပ်မတော် လေကြောင်းက မုံးကိုးမြို့ လူနေအိမ်များကို ပစ်မှတ်ထားပြီး ပြင်းထန်စွာ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် မြို့အားလုံး နီးပါး ဖျက်ဆီး ခဲ့ရပါသည်။

ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟို ဌာနချုပ် နယ်မြေနှင့် ယခု ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေ ဖြစ်သည့် မုံးကိုးမြို့တရုတ်၊ ကချင်၊ လီဆူ၊ ပလောင် (တအောင်း) နှင့် ၀ တိုင်းရင်းသားများ အဓိက နေထိုင်ကြပါသည်။

နိုဝင်ဘာ ၂၀ ရက်နေ့မှ မြန်မာစစ်တပ်နှင့် မဟာမိတ် တပ်များ တိုက်ပွဲ စတင် ဖြစ်ပွားလာပြီး မုံးကိုးဒေသ ပြည်သူများ အားလုံး  တရုတ်ပြည် မန်ဟိုင်းမြို့ဘက်ကို ထွက်ပြေး ခိုလှုံနေပါသည်။

July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...
June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...