တာချီလိတ်မှ ဝယ်ယူသယ်ဆောင်ပြီး ဟောင်ကောင်သို့ တင်ပို့မည် မူးယစ်ဆေးများ ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ

တာချီလိတ်မှ ဝယ်ယူသယ်ဆောင်ပြီး ဟောင်ကောင်သို့ တင်ပို့မည် မူးယစ်ဆေးများ ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံ မှ ဟောင်ကောင် သို့ ဘိန်းဖြူ ( ၂၀၀၀) ဂရမ် သယ်ယူပို့ဆောင်မည့် လူငယ်များအား ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိကြောင်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ဘိန်းဖြူများသည် မြန်မာ – ထိုင်း နယ်စပ် တာချီလိတ်မှ ဝယ်ယူ သယ်ဆောင်လာသည့် ဘိန်းဖြူများဖြစ်ပြီး၊ နီပေါနိုင်ငံသားတဦး ဖြစ်သည့် Mr. AashishGurung အသက် ၃၇နှစ် အရွယ် ၏ စီစဉ်ပေးမှုကြောင့် ဟောင်ကောင် လေယာဉ်လိုင်းဖြင့် သယ်ဆောင်ရန် ကြိုးစားစဉ် ဇွန် ၂၃ ရက် နံနက် အစောပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဘိန်းဖြူများအား Cathay Dragon Airlines ဖြင့် ဟောင်ကောင်လေဆိပ်သို့လိုက်ပါမည့် အသက် (၂၅)နှစ်အရွယ် ဝင်းသူနိုင်၏ ခရီးဆောင်အိတ်ကို X-Ray ဖြတ်သန်းစစ်ဆေးစဉ် တွေ့ရှိခဲ့ကြောင်း၊ ကွင်းဆက် စစ်ဆေးရာတွင် လေယာဉ်မောင် ဟောင်း တဦး အပါအဝင် မြန်မာလူငယ် (၅)ဦးနှင့် နီပေါနိုင်ငံသား ၁ ဦး တိို့ ပါဝင် ပတ်သက် နေကြောင်း မြန်မာနို်င်ငံ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ထို့ပြင် လေယာဉ်မောင် ဟောင်း ခေတ္တတည်းခိုသည့်နေအိမ်တွင် အိုက်စ် ( ICE) ၁၈၀၀ ဂရမ်၊ အသက် ၂၆ နှစ် အရွယ် ဝါဝါအိရွှေ(ခ) ရှန်ဖ နှင့် အသက် ၂၄ နှစ် အရွယ် ယွန်းဟေမာန် တို့ကို ၎င်းတို့ တည်းခိုသည့် ဟိုတယ်တွင် အိုက်စ်(ICE) ၀.၄၈ ဂရမ် နှင် ကတ်တမင်း အမှုန့်(၅) ဂရမ် နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ဇွန်လ (၂၂) ရက်နေ့ ၌ Cathay Dragon လေကြောင်းလိုင်းဖြင့် ဟောင်ကောင်သို့ကြိုတင်ထွက်ခွာသွားသည့် ရဲမင်း ကို လည်း ဇွန်လ (၂၅) ရက်နေ့ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။

မြန်မာ – ထိုင်းနယ်စပ် မှ ဝယ်ယူ သယ်ဆောင်လာပြီး တရုတ်နိုင်ငံ ဟောင်ကောင် သို့ တင်ပို့ဖမ်းဆီးရမိထားသူ (၆)ဦးကို မင်္ဂလာဒုံမြို့မရဲစခန်း၊ ဗဟန်းမြို့မရဲစခန်းတို့၌ သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၂၆ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ တွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်းမှ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ကို ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့တို့၌ မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများ၏ စုစုပေါင်းကာလတန်ဖိုးသည် ငွေကျပ် ၄၅၁၇၄၆ ဒသမ ၃၇၇၄၂ သန်း(အမေရိကန်ဒေါ်လာ ၃၀၁ ဒသမ ၁၆၄၂၅၁၇ သန်း)ဖြစ်ကြောင်း သိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...